ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများတွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများတွေ့ဆုံပွဲကျင်းပ



MNP   -    ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ရမည်းသင်း မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင် သည့်အဖွဲ့နှင့်မြို့ပေါ်ရပ်ကွက်ကြီး(၅)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်(၉)နာရီက ဝါတိုးရပ်ကွက်အတွင်းရှိ သီလဝခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဌာန ဆိုင်ရာဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်ကာ ဒေသခံပြည်သူများနှင့် ဆွေးနွေးရခြင်းကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၀)ခုမှ တာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူလူထု နှင့်ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရပ်ကွက်များအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ဆွေးကြပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးနေမျိုးအောင်မှလာမည့် အထွေထွေရွေးကောက်ပွဲကို အချိုးကျ(PR)စနစ်ဆောင်ရွက် မည့်ပုံစံကိုပရိုဂျက်တာဖြင့်ရှင်းလင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့်ပြည်သူများက ရပ်ကွက်အတွင်းဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့် လမ်းများအဆင့်မြှင့်တင်ပေးနိုင်ရေး လုပ်ငန်းနှင့် သောက်သုံးရေဖူလုံစွာ ရရှိရေးတို့ကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် သက်ဆိုင်ရာ ဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့်ဝန်ထမ်းများက ဒေသခံပြည်သူ(၇၁)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေးကုသခြင်းနှင့်ထပ်ဆောင်း ကိုဗစ် ကာကွယ်ဆေး (၁၃)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


ဇော်ဝင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)