(၇) ကြိမ်မြောက် အာဆီယံ ကျန်းမာသောနေထိုင်မှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့ - ၁ အစည်းအဝေး တတိယနေ့ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇) ကြိမ်မြောက် အာဆီယံ ကျန်းမာသောနေထိုင်မှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့ - ၁ အစည်းအဝေး တတိယနေ့ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံကျန်းမာသော လူနေမှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့ - ၁ အစည်းအဝေး (7th Meeting of ASEAN Health Cluster 1: Promoting Healthy Lifestyle) တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထင်လင်းက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အာဆီယံကျန်းမာရေးဆိုင်ရာ အစုအဖွဲ့-၁ ၏ (၂၀၂၁-၂၀၂၅) လုပ်ငန်းစဉ်ပါ စီမံချက်လုပ်ငန်းများတွင် မိတ်ဖက်အဖွဲ့အစည်းများ၏ လက်ရှိပူးပေါင်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို မဲလ်ဘုန်းတက္ကသိုလ် (Center for Mental Health- University of Mel-bourne) ၊ Alive and Thrive ၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UN Children’s Fund - UNICEF) နှင့် အရှေ့တောင်အာရှဒေသ ဆေးရွက်ကြီးထိန်းချုပ်ရေးမဟာမိတ်အဖွဲ့ (South East Asia Tobacco Control Alliance- SEATCA)တို့က တင်ပြကြကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ် (Way Forward) နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။


မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အာဆီယံအစားအစာနှင့် အာဟာရဖူလုံရေးအစီရင်ခံစာ (၂၀၂၆)ပြုစုရေး၊ အစားအစာများတွင် အဏုအာဟာရဖြည့်စွက်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခြေအနေတွင် အာဟာရစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ အာဆီယံကွန်ရက်တည်ထောင်ရေး၊ သင်တန်းလက်စွဲပြုစုရေးနှင့်သင်တန်းပို့ချရေး၊ ဒေသတွင်း အစားအစာနှင့် အာဟာရဖူလုံရေးအတွက် ကဏ္ဍပေါင်းစုံပါဝင်သောစနစ် တည်ထောင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ထို့ပြင် အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးက အာဆီယံကျန်းမာရေးဆိုင်ရာအစုအဖွဲ့- ၁ ၏ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်များ၏ အမည်စာရင်းနှင့် အစည်းအဝေးအစီရင်ခံစာ (မူကြမ်း)ကိုတင်ပြရာအဖွဲ့ဝင်နိုင်ငံများနှင့် တက်ရောက်လာသူများက အတည်ပြုကြပြီး (၈)ကြိမ်မြောက် အာဆီယံကျန်းမာသောလူနေမှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာအစုအဖွဲ့ - ၁ အစည်းအဝေး ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စများကို ဆွေးနွေးကြသည်။


ထို့နောက် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ မြန်မာနိုင်ငံဆိုင်ရာသဘာပတိ (ASEAN Senior Officials' Meeting on Health Development – SOMHD ၏ Focal Point)ဖြစ်သူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက အစည်းအဝေးသုံးရက်တာကာလအတွင်း အပြုသဘောဆောင်သည့် ဆွေးနွေးချက်များအပေါ် များစွာအားရကျေနပ်မိပါကြောင်း၊ အာဆီယံကျန်းမာရေးဆိုင်ရာ အစုအဖွဲ့- ၁ ၏ (၂၀၂၁-၂၀၂၅) လုပ်ငန်းစဉ်ပါ ဆောင်ရွက်ပြီးစီးခဲ့သည်လုပ်ငန်းများအတွက် တာဝန်ယူဆောင်ရွက်ခဲ့သော အဖွဲ့ဝင်နိုင်ငံများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အစဉ်တစိုက်ပံ့ပိုးကူညီပေးခဲ့သော အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံး၊ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိနေသောလုပ်ငန်းများအတွက်လည်း အရှိန်အဟုန်မြှင့်တင်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျန်းမာသော အာဆီယံအသိုက်အဝန်း ပေါ်ပေါက်လာစေရေးအတွက် အတူတကွ ကြိုးစားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


အစည်းအဝေးသို့ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ အာဆီယံကျန်းမာရေးဆိုင်ရာအစု အဖွဲ့-၁ (ASEAN Health Cluster 1)မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)