မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး


MNP  -    ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့၌ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်ကစတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


 ၂၀၂၃ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည့်    တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့သစ်မြို့နယ်အတွင်း စာစစ်ဌာနနှစ်ခု ဖွင့်လှစ်၍ အ.ထ.က(၁) မြို့သစ်စာစစ်ဌာနတွင် ကျား(၂၁၀)ဦး၊ မ (၂၉၇)ဦး၊ အ.ထ.က-ဝါးကြီးအိုင်စာစစ်ဌာနတွင် ကျား (၁၄၇)ဦး၊ မ(၂၀၃)ဦး စုစုပေါင်း (၈၅၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားထုတ်ယူရာတွင် ကျောင်းသားကတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမိတ္တူတစ်ခုခု ယူဆောင်လာရမှာဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဝင်းအိဇွန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)