ပေါက်တောမြို့နယ် ဝါးလန်းနှင့်ဝါးလမ်းကုန်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ ( အဋ္ဌမ) အကြိမ်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ဝါးလန်းနှင့်ဝါးလမ်းကုန်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ ( အဋ္ဌမ) အကြိမ်ထုတ်ချေးပေး


MNP   -   ဖေဖော်ဝါရီ     ၂၀

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဝါးလန်း နှင့် ဝါးလမ်းကုန်းကျေးရွာရှိ အသင်းသား အသင်းသူများအား (အဋ္ဌမ) အကြိမ်ပြန်လည်ထုတ်ချေးပေးကြသည်။


ရှေးဦးစွာ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်ရောင် ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး  ဝါးလန်း နှင့်ဝါးလမ်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(အဋ္ဌမ) အကြိမ်ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၆ ဦးအား ၃၁၁၅၀၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၃ ဦး အား ၇၉၀၀၀၀၀ ကျပ် ၊ရေလုပ်ငန်း လုပ်ကိုင်သူ ၃ ဦးအား  ၁၈၅၀၀၀၀ ကျပ်၊အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂ ဦးအား ၁၇၀၀၀၀၀ ကျပ်၊အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ ၁ ဦးအား ၇၀၀၀၀၀ ကျပ်  စုစုပေါင်း အသင်းသား၊ အသင်းသူ  ၈၅ ဦးအတွက် ရန်ပုံငွေ ကျပ်ကို ၄၃၃၀၀၀၀၀ကျပ်ကို ကျေးရွာအရောက်ထုတ်ချေးပေးကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)