၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ


MNP   -    ဖေဖော်ဝါရီ ၂၁

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းနှင့်အားကစားရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။


ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ပြုလုပ်သည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။


ယနေ့တွင် အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီးမီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသားသံပြားပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲနှင့် အမျိုးသားအမြင့်ခုန်ပြိုင်ပွဲများကိုကျင်းပရာ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ တွင် မောင်ခန့်ဇင်ကိုကို(သင်္ကန်းကျွန်း-EDC)က ပထမ၊ ခွန်ရန်နိုင်ထွန်း (တောင်ကြီး-EDC)က ဒုတိယ၊ စိုင်းသီဟစိုး (ဘားအံ-EDC) က တတိယရရှိကြပြီး အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် နန်းစုထွေး(စစ်ကိုင်း- EDC)က ပထမ၊ မခိုင်စံပါယ် ဦး(တောင်ကြီး-EDC) က ဒုတိယ၊ မအေးမြင့်ဦး (ဟားခါး-EDC)က တတိယရရှိကြသည်။


ထို့အတူ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် စောတူးတူးဘီ (ဘားအံ-EDC)က ပထမ၊ မောင်ကျော် မြတ်သူ(တောင်ကြီး-EDC)က ဒုတိယ၊ မောင်သန့်ဇင်ထွန်း (မိတ္ထီလာ-EDC) က တတိယရရှိကြပြီး အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မဆုပြည့်ဦး (ထားဝယ်-EDC) က ပထမ၊ မဆုနံ့သာအောင် (ဘားအံ-EDC)က ဒုတိယ၊ မဆုပိုပိုကျော် (ပုသိမ်-EDC) က တတိယရရှိကြသည်။


အလားတူ အမျိုးသား သံပြားပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး (ဘားအံ - EDC) က ပထမ၊ မောင်ပြည့်စုံဖြိုး (မိတ္ထီလာ - EDC) က ဒုတိယ၊ မောင်အောင်ကျော်ဇော(မြောင်းမြ-EDC)က တတိယရရှိကြပြီး အမျိုးသမီးသံပြားပစ်ပြိုင်ပွဲတွင် မသီသီဟန် (မကွေး-EDC)က ပထမ၊ မနန်းမွေဖောင်(လားရှိုး-EDC) ကဒုတိယ၊ မယွန်းစန္ဒီ(တောင်ကြီး-EDC)က တတိယရရှိကြသည်။


အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် မောင်ချမ်းသာလှိုင်(မုံရွာ-EDC)က ပထမ၊ မောင်ဂျွန်စော (မိတ္ထီလာ-EDC)က ဒုတိယ၊ မောင်နိုင်ဇင်လတ်(ရန်ကင်း-EDC)က တတိယရရှိကြသည်။


ပြိုင်ပွဲများအပြီးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က ဆုရရှိသည့် အားကစားမောင်မယ်များကို ဆုများချီးမြှင့်ပေးအပ်ကြသည်။


ထို့အတူ ဒုတိယဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်း တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲပွဲစဉ်များကို လာရောက်ကြည့်ရှုအားပေးကြသည်။


အဆိုပါပွဲစဉ်တွင် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းက မန္တလေးပညာရေးဒီဂရီကောလိပ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိကာ တတိယရရှိပြီး ရန်ကင်းပညာရေး ဒီဂရီကောလိပ်ကတောင်ငူပညာရေး ဒီဂရီကောလိပ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲ၍ ပထမဆုရရှိသည်။


ပြိုင်ပွဲအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်တို့က ဆုရရှိကြသည့် အသင်းများကို ဆုများချီးမြှင့်ပေးအပ်ကြသည်။


ညနေပိုင်းတွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ တတိယနေရာလုပွဲကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေးကြသည်။


အဆိုပါပွဲစဉ်တွင် မကွေးပညာရေးဒီဂရီကောလိပ်အသင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး တတိယရရှိသည်။


တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို ယနေ့ဆက်လက် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ဇုန်အသင်းက ဒဂုံဇုန် အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ပုသိမ်ဇုန်အသင်းက မြစ်ကြီးနားဇုန်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကြောင်းနှင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်ကိုလည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲမှ အုပ်စုပွဲစဉ်များကိုလည်းကောင်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။      


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)