MNP - ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငါန်းဇွန်မြို့မမူကြိုကျောင်းမှ ကျောင်းသား ကျောင်းသူ သားငယ်သမီးငယ်များ ပညာရည်မြင့်မားရေးအတွက် ကဗျာရွတ်ဆိုနှင့် အားကစားပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ထိုသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုနှင့် အားကစားပြိုင်ပွဲများကျင်းပရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်ပေးဒိုင်အဖြစ် ပူးပေါင်းဆောင်ရွက်ပေးကြပြီး မူကြိုကျောင်းသား ကျောင်းသူ သားငယ်သမီးငယ် (၄၃)ဦးတို့က ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအဖြစ် အရုပ်ကြိုးထိုးအပြေးပြိုင်ပွဲတို့ကို ပါဝင်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူ သားငယ်သမီးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်တို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး ပြိုင်ပွဲဝင် မူကြိုကျောင်းသား ကျောင်းသူ ကလေးငယ်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရမုန့်များဝေငှခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွားနို့ဆန်ပြုတ်ဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်နောင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment