ကျိုက်ထိုမြို့နယ် ၌ (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ အကြို ‌ ဟောပြောပွဲ၊စာအုပ်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စွမ်းရည်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ၌ (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ အကြို ‌ ဟောပြောပွဲ၊စာအုပ်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စွမ်းရည်ပြိုင်ပွဲများပြုလုပ်







MNP   -    ဖေဖော်ဝါရီ   ၈

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို  ဟောပြောပွဲ ၊စာအုပ်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကိုဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ( ၁ )နာရီတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန CommunityCenter ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။


    အဆိုပါ ဟောပြောပွဲ၊ပြပွဲ၊ပြိုင်ပွဲများ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုဟော‌ပြောခဲ့ပြီး စွမ်းရည်ပြိုင်ပွဲများကိုပြုလုပ်ကာ ထူးချွန်သူများအား လက်‌ ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့သည်။


     ထို့နောက် တက်ရောက်လာသည့်ကျောင်းသား၊ကျောင်းသူများက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့်ပက်သက်သည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအားကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)