MNP - ဖေဖော်ဝါရီ ၈
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန် မိမိနိုင်ငံမိမိလူမျိုးနှင့် ဘာသာသာသနာတို့အပေါ်တွင် သစ္စာစောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေးစိတ်ဓာတ်များဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်အဖြစ်ခံယူပြီး စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်ဟောပြောခဲ့ကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost
No comments:
Post a Comment