ပုဏ္ဏားကျွန်းမြို့၌ (၂၀၂၂-ခုနှစ်)လ.က.စနှင့်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ (၂၀၂၂-ခုနှစ်)လ.က.စနှင့်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆွေးနွေးပွဲကျင်းပ




MNP   -   ဖေဖော်ဝါရီ ၈

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်(၂၀၂၂ ခုနှစ်) လ.က.စနှင့်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


       ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းက ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း IDA MDA(Advocacy IDA MDA)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


    အဆိုပါဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ထမ်းများနှင့်မြို့နယ်အဆင့်သူနာပြုဆရာ/မများ တက်ရောက်ခဲ့ကြပြီး၊ (၂၀၂၂ ခုနှစ်)လ.က.စ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)