တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲ ဆက်လက်ကျင်းပ





MNP   -   ဖေဖေါ်ဝါရီ ၁၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲများကို မြို့မအားကစားကွင်း၌ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ ယနေ့ညနေတွင် အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နတ်မော်နှင့်သင်္ချီကိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ညနေ (၃)နာရီအချိန်တွင် နတ်မော်အသင်းနှင့် သင်္ချီကိုင်းအသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ နတ်မော်အသင်းက(၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲကြည့်ပရိတ်သတ်များဖြင့် အထူးစည်ကားခဲ့သည်။ပြိုင်ပွဲအပြီးတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး က ပွဲစဉ်လိုက် အကောင်းဆုံးအားကစားသမားဆု ကို နတ်မော်အသင်း မှ ကျောနံပါတ်(၁၆)အားချီးမြှင့်သည်။


အဆိုပါ ဘောလုံးပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)