မအီမြို့၌ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တောင်ကုတ်မြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တောင်ကုတ်မြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး





MNP  -  ဖေဖော်ဝါရီ    ၁၈

မအီမြို့တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို တောင်ကုတ်မြို့အခြေစိုက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ (Quality Control Team) နှင့် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်တို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်း၌ မအီမြို့အခြေစိုက် " မိဘဂုဏ်ဆောင် " ကုမ္ပဏီက ငွေကျပ်သန်း ၁၃၇.၈၈၅ ဖြင့် တင်ဒါအောင်မြင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၄)ရပ်ကွက်ရှိ စံပါယ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်ခြင်း၊ ကမ်းနားလမ်း၊ ဖြတ်လမ်း(၁)ပေါ်တွင် Box Culvert (၄)စင်း တည်ဆောက်ခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ရုံးတက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တောင်ကုတ်မြို့အခြေစိုက် တောင်ကုတ်ရတနာကုမ္ပဏီက ငွေကျပ်သန်း(၁၁၂.၇၄၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၁)ရပ်ကွက်ရှိ ကန်တော်လမ်း အပိုင်း(၂) ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံးခြံ  ရှေ့ဖက်၊ ဘေး(၂)ဖက်အား အုတ် သံပန်းခြံစည်းရိုးကာရံခြင်း၊  တံခါးပေါက်(၂)ခု ပြုလုပ်ခြင်းနှင့် ဆိုင်းဘုတ်(၁)ခုပြုလုပ်ခြင်း စသည့် လုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ဌာနမှသတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။


မအီမြို့၌ ယခုဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ကုမ္ပဏီမှ ဆောင်ရွက်သည့် လုပ်ငန်း(၆)ခုနှင့် ဌာနမှဆောင်ရွက်သည့် လုပ်ငန်း(၆)ခု ရှိပါကြောင်း၊ ယနေ့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းများမှာ ဌာနမှသတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများဖြင့် ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို မတ်လ ပထမအပတ်တွင် အပြီးသတ် ရာနှုန်းပြည့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မအီမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)