စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးလမ်းညွှန်ဆိုင်ရာ အသိပညာမျှဝေခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးလမ်းညွှန်ဆိုင်ရာ အသိပညာမျှဝေခြင်း အခမ်းအနားကျင်းပ


MNP   -   ဖေဖော်ဝါရီ ၂

“စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးလမ်းညွှန်ဆိုင်ရာ အသိပညာမျှဝေခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်တို့သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ Virtual စနစ်ဖြင့် တက်ရောက်သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အသိပညာမျှဝေခြင်းအခမ်းအနားသည် စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်ရေးလမ်းညွှန်မှုဆိုင်ရာများ သိရှိနိုင်စေရန်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်စွာလည်ပတ် လုပ်ကိုင်နိုင်ရန်အထောက်အကူဖြစ်စေမည့် အလေ့အကျင့်ကောင်းများ၊ အသိပညာများနှင့် အတွေ့အကြုံ များကိုအခြေခံပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် အောင်မြင်ရေးလမ်းညွှန်စာအုပ်ကို ၂၀၁၈ ခုနှစ်တွင် ပြုစုထုတ်ဝေခဲ့ကြောင်း၊ အဆိုပါလမ်းညွှန်စာအုပ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအပါအဝင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများ၊ အစပျိုးလုပ်ငန်းများအတွက် အောင်မြင်ရေးလမ်းညွှန်များပါရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်သာမက မိမိတို့နိုင်ငံသည်လည်း ပွင့်လင်းလာသည့် ဈေးကွက်စီးပွားရေးဝန်းကျင်အရ စီးပွားရေးလုပ်ငန်းများသည် သမားရိုးကျလုပ်ငန်းများထက် တီထွင်ဖန်တီးမှုအားကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်လုပ်ငန်းများအဖြစ် အသွင်ကူးပြောင်းနိုင်အောင် ကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းအများစုသည် များပြားလှသည့် စိန်ခေါ်မှုများအခက်အခဲများနှင့် ရင်ဆိုင်တွေ့ကြုံနေရ၍ ကျော်လွှားနိုင်ရန်အတွက် ငွေကြေးဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုအားနည်းနေခြင်း၊ ကမ္ဘာ့ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တွင် ဈေးကွက်ထိုးဖောက်နိုင်မှုအားနည်းခြင်း စသည့်အချက်များကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ ဈေးကွက်ကိုဦးစားပေးပြီး ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် ဈေးကွက်ဝန်းကျင်အခြေအနေများကို နားလည်သဘောပေါက်ပြီး စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း။


ရည်ရွယ်ပို့ချ


ထိရောက်သည့် ဈေးကွက်ရှာဖွေခြင်းနှင့်ရောင်းအားမြှင့်တင်ခြင်းတို့ကိုလည်း နားလည်ရမည်ဖြစ်ကြောင်း၊ ငွေကြေးစီမံခန့်ခွဲမှုကောင်းမွန်စေရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေးလုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးလမ်းညွှန်မှုများသည် လုပ်ငန်းများစနစ်တကျလည်ပတ်လုပ်ကိုင်နိုင်စေရန်၊ အားဖြည့်ကူညီပေးနိုင်ရန် ရည်ရွယ်ပို့ချခြင်းဖြစ်၍ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု၊ လူသားအရင်းအမြစ်ဆိုင်ရာစီမံခန့်ခွဲမှု၊ စာရင်းအင်းဆိုင်ရာအသိပညာများ ဆောင်ရွက်ရန်ပါဝင်သည့်အတွက် မိမိတို့၏ စီးပွားရေးလုပ်ငန်းများတွင် လွယ်ကူရိုးရှင်းစွာဖြင့် ပြန်လည်အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲမှရရှိသည့် အသိပညာ၊ ဗဟုသုတများကို မိမိတို့၏စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီအလိုက် သီးသန့်လိုအပ်ချက်များနှင့် ပြင်ပဈေးကွက်ဝန်းကျင် အခြေအနေများအပေါ်မူတည်ပြီး လိုက်လျောညီထွေစွာဖြင့် ချိန်ဆအသုံးပြု၍ အောင်မြင်သော စီးပွားရေးလုပ်ငန်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။


စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးလမ်းညွှန်ဆိုင်ရာအသိပညာများကို စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းသုံးဦးတို့က ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးပို့ချချက်များနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးကာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။


အသိပညာမျှဝေခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အရာထမ်း ၂၃ ဦး၊ MSME လုပ်ငန်းရှင် ၂၈ ဦး၊ သီးခြားဖိတ်ကြားထားသည့် ပုဂ္ဂိုလ် ၁၅ ဦး စုစုပေါင်း ၆၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)