MNP - ဖေဖော်ဝါရီ ၂၄
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းတည့်ချိန်က သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် မိတ္ထီလာခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေတင့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် စာချုပ်ပါအချက်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်တိုင်း ရရှိခံစားနိုင်သည့် အခြေခံအခွင့်အရေးများ၊ ကလေးသူငယ် အခွင့်အရေး(၄)မျိုး၊ ကလေးသူငယ်၏အသက်အရွယ်၊ ကလေးသူငယ်အပေါ်အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ခြင်းနှင့် စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ မသန်စွမ်းကလေးသူငယ်များ ရရှိနိုင်သော အခွင့်အရေးများ၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများ၊ ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ကလေးသူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင်တာဝန်ရှိကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment