သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


MNP  -   ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) (၂/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်က သင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် (၂/၂၀၂၃)တို့ကို တပြိုင်တည်းသင်တန်းဆင်းခြင်းဖြစ်ကာ ကျောင်းတွင်းမတော်တဆထိခိုက်မှုများကို ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ကူညီပေးနိုင်စေရန် ရည်ရွယ်၍ (၁၄၊၁၊၂၀၂၃) မှ (၂၁၊၁၊၂၀၂၃)အတွင်း စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အမှတ်စဉ်(၁/၂၀၂၃)၊ (၂/၂၀၂၃)သင်တန်းများတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို တာဝန်ရှိသူများကအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)