ရမ်းဗြဲမြို့၌ မော်ယာဉ်များနှင့်မော်တော်ယာဉ်‌မောင်းနှင်သူများအားလိုင်စင်များစစ်ဆေးနှင့်ယာဉ်အန္တရာယ်ကင်းဝေးစေရေးအသိပညာပေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မော်ယာဉ်များနှင့်မော်တော်ယာဉ်‌မောင်းနှင်သူများအားလိုင်စင်များစစ်ဆေးနှင့်ယာဉ်အန္တရာယ်ကင်းဝေးစေရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်




MNP    -     ဖေဖေါ်ဝါရီ         ၁၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ယာဉ်နှင့်ယာဉ်မောင်းနှင်သူများ ဥပဒေနှင့်အညီသွားလာမောင်းနှင်နိုင်ရေးနှင့်ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်နှင့်ယာဉ်မောင်းသူများဥပဒေနှင့်အညီမောင်းနှင်သွားလာနိုင်ရေးနှင့်ယာဉ်အန္တရာယ်ကင်းဝေစေရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီကရမ်းဗြဲကျောက်နီမော်လမ်း မြို့အဝင်လမ်းဆုံနေရာသို့သွားရောက်ပြီးဆောင်ရွက် ခဲ့ကြသည်။


အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမီးသတ်တပ်ဖွဲ့တင်များနှင့် ဌာနဆိုင်ရာများမနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့်မော်တော်ယာဉ်များအား ယာဉ်နှင့်ယာဉ်မောင်းလိုင်

စင်များပြုလုပ်ကိုင်ဆောင်ထားရှိနိုင်ရေးအတွက် လိုင်စင်များ ရှိ/မရှိစစ်ဆေးခြင်း၊  ယာဉ်နှင့်ယာဉ်မောင်လိုင်စင်များသက်တမ်းကုန်ဆုံးခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ လိုင်စင်များမပြုလုပ်ရသေးသူများနှင့် သက်တမ်းကုန်ဆုံးနေသူများရှိပါကပြုလုပ်ရန်အတွက် အသိပညာပေးခြင်းများနှင့်အတူ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက်ဆိုင်ကယ်စီးနှင်းမောင်းနှင်သူများအား ဆိုင်ကယ်စီးနှင်းမောင်နှင်ပါက ဦးထုပ်ဆောင်း၍မောင်းနှင်သွားလာကြရန်မှာကြားပေးခြင်းများနှင့်အတူ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)