မောရသုတ်ရွတ်ဆိုပူဇော်ရင်း အကြမ်းဖက်သမားများ၏ သတ်ဖြတ်မည့်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောရသုတ်ရွတ်ဆိုပူဇော်ရင်း အကြမ်းဖက်သမားများ၏ သတ်ဖြတ်မည့်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသူ





NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ စတင်လာချိန်ကတည်းက အဓိက ပစ်မှတ်ထားခံရသူတွေဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှု ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရသူတွေကို စာရေးသူ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ 

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာ က ဖြစ်စဉ်တွေမှာတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေဖြစ်တဲ့ ဦးညွန့်ခိုင်၊ ဒေါ်မိုးသူဇာ၊ ဦးကျော်မျိုးသက် (ဇနီး) ဒေါ်မို့မို့ဝင်း တို့ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေဟာ NLD အစွန်းရောက်တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကို သိသာထင်ရှားစေပါတယ်။ NLD အစွန်းရောက်တွေအနေနဲ့ ဦးညွန့်ခိုင်ကို ပစ်မှတ်ထားပြီး ဦးညွန့်ခိုင်ကို ဖမ်းဆီးသတ်ဖြတ်လို့ မရသည့်အတွက် ဦးညွန့်ခိုင်ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အသက် ၇၅နှစ်အရွယ် ဖခင်၊ အသက် ၇၃နှစ်အရွယ် မိခင်၊ ဦးညွန့်ခိုင်ရဲ့ ညီ၊ ဦးညွန့်ခိုင်ရဲ့ ယောက္ဖ တို့ကို သတ်ခဲ့ကြပါတယ်။ ဦးကျော်မျိုးသက် နှင့် ဇနီး ဒေါ်မို့မို့ဝင်း တို့ကတော့ NLD အစွန်းရောက်တွေက ရန်ရှာနေကြပြီဖြစ်လို့ တန့်ဆည်မြို့ပေါ်ကို ပြောင်းရွှေ့တိမ်းရှောင်နေရာမှ NLD အစွန်းရောက် ဘုန်းကြီး ဦးစန္ဒိမာက ဦးကျော်မျိုးသက် ထံ ဖုန်းဆက်ပြီး ရွာမှာဖြစ်နေတဲ့ အခြေအနေကို တပ်ကိုလည်း သတင်းမပေးနဲ့ မင်းတို့မိသားစု ရွာမှာ ပြန်နေ၊ ငါပြောပေးမယ် လို့ အာမခံပြီး ပြန်ခေါ်တာကို ယုံစားမိခဲ့ကြပါတယ်။ 

ဦးကျော်မျိုးသက် ဟာ မိသားစုနဲ့ တပါးတည်း ရွာကို မပြန်ဘဲ အခြေအနေပြန်ကြည့်အုံးမယ်ဆိုပြီး ကာပေါင်းကျရွာကို ပြန်ခဲ့ရာမှ ဦးစန္ဒိမာရဲ့ ကျောင်းပေါ်မှာပဲ ဦးစန္ဒိမာရဲ့ ညီတွေက ဘုန်းကြီးကျောင်းပေါ်မှာတင် ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဇနီးနဲ့ ကလေးတွေကို ခေါ်မသွားပေလို့သာ အသက်ဘေးအန္တရာယ်က လွတ်မြောက်ခဲ့ရပါတယ်။ 

ဒေါ်မိုးသူဇာ ဟာ ခင်ပွန်းကွယ်လွန်ပြီးကတည်းက မိခင်တစ်ယောက်တည်း သားသမီးတွေအတွက် ရုန်းကန်နေရတဲ့ မိခင်တစ်ဦးပါ။ အိမ်ဆိုင်နဲ့ ပြည့်ပြည့်စုံစုံ နေနိုင်ပြီး သားသမီးတွေကို တင့်တောင်းတင့်တယ် ထားနိုင်တဲ့ မိခင်ကောင်းတစ်ယောက်ပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအတွက် မဲရုံးမှူးလုပ်ပေးခဲ့တာကို NLD တွေက ရန်ရှာပြီး ဒေါ်မိုးသူဇာရဲ့ နေအိမ်ကို ဝိုင်းဝန်းဖျက်ဆီးကြပါတယ်။ ကလေး ၂ယောက်ကို ဖမ်းခေါ်သွားခဲ့ကြပါတယ်။ NLD အစွန်းရောက်တွေကို ရှစ်ခိုးတောင်းပန်ပြီး ကလေးတွေကို ပြန်တောင်းခံခဲ့ရပါတယ်။ အဲဒီလိုနဲ့ ရွာက ထွက်ခွါပြီး ဆရာတော်ဦးဝါသ ကယ်တင်ထားလို့ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ဒေါ်မိုးသူဇာတို့  သားမိတတွေ ရွာက ထွက်လာပြီး ၂ရက် အကြာမှာပဲ ဒေါ်မိုးသူဇာရဲ့ နေအိမ်ကို NLD အစွန်းရောက်တွေက မီးရှို့ဖျက်ဆီးပစ်လိုက်ကြပါတယ်။

ဘယ်တုန်းကမှ အခုလို ဆိုးရွားရက်စက်လွန်းလှတဲ့ အကြမ်းဖက်ဘေးအန္တရာယ်မျိုး မကြုံခဲ့ရဖူးတဲ့ သူတွေမှာ မိမိတို့ တွေ့ကြုံခံစားခဲ့ရတဲ့ ရက်စက်ယုတ်မာမှုဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ပြန်ပြောဖို့တောင် မဝံ့ရဲကြပါဘူး။ အကြောက်တရားတွေ ကိန်းအောင်းခဲ့ရပါတယ်။ ဘေးလွတ်ရာကို ရောက်ရှိသည့်တိုင်အောင် မိမိနဲ့ ပတ်သက်ဆက်နွယ်သူတွေကို NLD အစွန်းရောက်တွေက ရန်ပြုစော်ကားမှာကို ကြောက်ရွံ့ပြီး နှုတ်ဆိတ်နေတတ်ကြပါတယ်။ 

နောက်ထပ် အကြမ်းဖက်ဘေးအန္တရာယ်တွေကြားက လွတ်မြောက်လာသူတချို့နဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါသေးတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်ထဲက ခင်ပွန်းနဲ့ သမီးဖြစ်သူ အသတ်ခံရပြီး တိမ်းရှောင်လာရတဲ့ အမျိုးသမီးတစ်ဦးနဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ ဖြစ်စဉ်ကို အကျဉ်းချုပ် ပြောရရင် ဝန်းသိုမြို့နယ်ထဲက သူတို့ ရွာလေးမှာ NLD အစွန်းရောက်တွေက ရမ်းကားနေကြပြီ။ သူတို့အိမ်မှာက ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်လည်း ထောင်ထားတယ်။ နီပိန်းတွေက သူတို့အိမ်ရှေ့ရောက်ရင် စောင်းမြောင်းဆဲဆိုကြတယ်။ သည်းခံစိတ်နဲ့ပဲ သူတို့နေတယ်။ ဘာရန်ညှိုးရန်စမှ မရှိတဲ့အခါကြတော့ အလွန်အကြူး ရက်စက်ယုတ်မာကြလိမ့်မယ်လို့လည်း လုံးဝမထင်ထားကြဘူး။ ရန်စစော်ကား ပြောဆိုလာရင်တောင် ပြေရာပြေကြောင်း ဖြောင်းဖျပြောဆိုပြီး နေထိုင်ခဲ့ကြပါတယ်။ အလွန်အကြူး ရက်စက်ယုတ်မာကြလိမ့်မယ်လို့ လုံးဝထင်မထားတဲ့အတွက် ဘယ်ကိုမှလည်း ပြောင်းရွှေ့ခြင်း မပြုခဲ့ကြပါဘူး။

အချင်းဖြစ်မယ့်နေ့ (၈-၁-၂၀၂၂) ရက်နေ့ နံနက် (၉ ၀၀)နာရီ အချိန်မှာတော့ သူတို့ရွာသားတွေ ပါဝင်တဲ့ KIA/ PDF အကြမ်းဖက်သမား (၃၀)ခန့် ဆိုင်ကယ်(၁၅)စီးလောက်နဲ့ အုံလိုက်ကျင်းလိုက် ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့က ရွာထဲမှာ ဆန္ဒပြရင်း အိမ်ရှေ့မှာ လာကြိမ်းဝါးနေတာတော့ ကြာပြီ။ စစ်တပ်ကို ထောက်ခံသူတွေကို သတ်ပြစ်မယ်လို့ ကြိမ်းတယ်။ တစ်ရွာလုံး ပတ်အော်နေတာဆိုတော့ ကိုယ်လည်း သူတို့အပေါ် မဟုတ်တာလုပ်ထားတာ မရှိ၊ ဘာရန်ညှိုးရန်စမှ မရှိတော့ ကိုယ့်ကို မလုပ်ဘူးဆိုပြီး လျှော့တွက်တာလေ။ 

သူတို့ရွာလေးမှာ USDP နဲ့ NLD အင်အား တစ်ဝက်စီလောက် ရှိပေမယ့် USDP ပါတီဝင်တွေက ဘာမှမလှုပ်ရှားဘဲ အေးဆေးသလောက် NLD တွေသာ အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ NLD ခေါင်းဆောင် ကျူရှင်ဆရာ ကိုယ်တိုင်က ဦးဆောင်ပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ လိုက်လံလှုံ့ဆော်နေခြင်း ဖြစ်ပါတယ်။ 

လိုရင်းကို ချုပ်လိုက်ရင်တော့ KIA/PDF အကြမ်းဖက်အဖွဲ့တွေ နေအိမ်ကို ရောက်ရှိလာတဲ့အချိန် ခင်ပွန်းဖြစ်သူ၊ သမီး၊ စာရေးသူနဲ့ တွေ့ဆုံတဲ့ အမျိုးသမီး (၃)ဦး အိမ်ပေါ်မှာ ရှိနေပါတယ်။ သားငယ်နဲ့ မြေးမလေး က တစ်ဖက် ဈေးဆိုင်ကို ရောက်ရှိနေကြပါတယ်။ အကြမ်းဖက်သမားတချို့က အိမ်ထဲ ဝရုန်းသုန်းကားနဲ့ ဝင်လာကြပြီး တချို့က အရှေ့မှာ ကင်းစောင့်တဲ့ ပုံစံ ရပ်နေကြပါတယ်။ သားဖ သုံးယောက် ထိုင်နေရာကနေ ခင်ပွန်းနဲ့ သမီးဖြစ်သူက အိမ်အနောက်ဖက်ကို ဝင်ပြေးကြပါတယ်။ အမျိုးသမီးက မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိတဲ့အတွက် ထိုင်ရာမထ လက်အုပ်လေးချီပြီး မောရသုတ်ကို စတင်ရွတ်ဆိုပါတယ်။

အိမ်ထဲကို ဝင်လာတဲ့အကြမ်းဖက်သမားတွေဟာ သူ့ကို သတိမထားဘဲ အိမ်နောက်ထဲ ပြေးဝင်သွားတဲ့ ခင်ပွန်းနဲ့ သမီးနောက်ကို လိုက်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်ကြပါတယ်။ သူမရဲ့ စိတ်ကို ချုပ်တီးပြီး မောရသုတ်ကိုသာ ဆက်လက်ရွတ်ဆိုရင်း လက်အုပ်ချီလျက်နဲ့ပဲ အိမ်အပြင်ဘက်ကို ထွက်လာခဲ့ပါတယ်။ ကင်းစောင့်နေတဲ့ သူတွေလည်း သူမကို လုံးဝ သတိထားမိပုံ မပေါ်ပါဘူး။ သားငယ်နဲ့ မြေးမလေး ရှိရာ ဈေးဆိုင်အထိ ရောက်လာပါတယ်။ အကြမ်းဖက်သမားတွေက အိမ်ပတ်ပတ်လည်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ကြပါတယ်။ အကြမ်းဖက်သမားတွေ လုပ်ကိုင်ဆောင်ရွက်သမျှကို မောရသုတ် ရွတ်ဆိုရင်းသား ကြည့်နေရပါတယ်။ အိမ်ပြာကျမှပဲ အကြမ်းဖက်သမားတွေက ပြန်သွားကြပါတယ်။ ဘယ်သူမှ မတားဆီးလိုက်နိုင်ကြပါဘူး။ ခင်ပွန်းနဲ့ သမီးဖြစ်သူဟာတော့ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံရသည့်အပြင် တခါတည်း မီးသင်္ဂြိုလ်ခံလိုက်ရတဲ့ အဖြစ်ပါပဲ။

သူမ ယုံကြည်တာကတော့ မောရသုတ်အစွမ်းကြောင့်ပဲ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုဘေးက လွတ်မြောက်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ KIA/PDF အကြမ်းဖက်သမားများဟာ လူကြီးရော၊ ကလေးပါမချန် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်တဲ့ အကြမ်းဖက်သမားတွေပါ။ သူမကိုသာ မြင်မယ်၊ တွေ့မယ်ဆိုရင် လွတ်မြောက်စရာ အကြောင်း မရှိပါဘူး။ မောရသုတ်အစွမ်းနဲ့ နတ်မြတ်နတ်ကောင်းတွေရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ရတယ်လို့ ယုံကြည်ပါတယ်။

ပရိတ်ကြီး (၁၁)သုတ် ပါ မောရသုတ် ရွတ်ဆိုပူဇော်ခြင်းအားဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်တယ်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းတယ်လို့ သိရပါတယ်။ ခင်ပွန်းနဲ့ သမီး KIA/PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေပွဲဝင်ခဲ့ရပုံက မရှုမလှပါပဲ။ ကမ်းကုန်အောင် ရက်စက်ယုတ်မာလွန်းလှတဲ့ KIA/PDF အကြမ်းဖက်သမားတွေရဲ့ လက်ထဲက လွတ်မြောက်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဖော်ပြပါ အမျိုးသမီး ကတော့ မောရသုတ်ကို ရွတ်ဆိုပူဇော်ရင်း က ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းသော KIA/PDF အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ရပါတယ်။

(ကိုယ်တွေ့ဖြစ်ရပ် အတိုင်းသာ ရေးသားဖော်ပြခြင်းဖြစ်ပါသည်။)


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)