ဗန်းမော်မြို့တွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားကလပ်ပေါင်းစုံအမျိုးသားလက်ဝှေ့ပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားကလပ်ပေါင်းစုံအမျိုးသားလက်ဝှေ့ပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP  -   ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအမျိုးသားလက်ဝှေ့ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရှိရသည်။


အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်ကဗန်းမော်ခရိုင်အားကစား ခန်းမရှိ လက်ဝှေ့ကြိုးဝိုင်းစင် (Ring) ဖွင့်ပွဲအဖြစ် ကလပ်ပေါင်းစုံအမျိုးသား လက်ဝှေ့ပြိုင်ပွဲကျင်းပမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှလည်း အဆိုပါလက်ဝှေ့ပြိုင်ပွဲအတွက် ကျပ်သိန်းနှစ်ဆယ် ထောက်ပံ့ပေးအပ်မည်ဖြစ်ပါကြောင်း၊ လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ ကော်မတီများတွင်ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လက်ဝှေ့ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ဗန်းမော်ခရိုင်အတွင်းရှိ လက်ဝှေ့သမား‌ဟောင်များကလည်း လက်ဝှေ့ပြိုင်ပွဲအတွက် လိုအပ်သည့် နေရာများတွင် အင်တိုက်အားတိုက် ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကြည်စိုးက လက်ဝှေ့ပြိုင်ပွဲကျင်းပမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ ခရိုင်လက်ဝှေ့ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝေမိုးက လက်ဝှေ့ပြိုင်ပွဲတွင် ရွှေကန်တော်ကလပ်လက်ဝှေ့အားကစားသမားများ နှင့် Shagan Sanit ကလပ် လက်ဝှေ့အားကစားသမားများ၊ တက္ကသိုလ်ပေါင်းစုံမှ လက်ဝှေ့အားကစားသမားများ၊ ရပ်ကွက်၊ ကျေးရွာများရှိ တိုင်း/ပြည်နယ်တို့တွင် ဆုရရှိခဲ့သည့် လက်ဝှေ့အားကစားသမားများပါဝင်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမျိုးသမီးလက်ဝှေ့အတွဲ (၁) ဆိုင်းကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီ အသီးသီးမှ လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ရွှေကန်တော်ကလပ်နှင့် Shagan Sanit ကလပ်တို့အတွက် ကလပ်(၁)ခုလျှင် ၃သိန်းကျပ်ဖြင့် စုစုပေါင်း ၆ သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ နည်းပြများက လက်ခံရရယူခဲ့ပြီး အဆိုပါ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံ အမျိုးသားလက်ဝှေ့ပြိုင်ပွဲကို မတ်လ တတိယအပတ် တွင်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အားကစားဝါသနာရှင်များ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူ များမည်သူမဆို လာရောက်ကြည့်ရှုအားပေးနိုင်စေရန် လက်မှတ်ခ၊ ရုံဝင်ကြေးများ သတ်မှတ်ခြင်း မရှိဘဲ အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)