ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စေတနာ သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စေတနာ သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကြည့်ရှုအားပေး


MNP   -    ဖေဖော်ဝါရီ ၁၀

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် စုပေါင်းပြီးသွေးလှူဒါန်းကြရာ နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက်ကြည့်ရှုအားပေးသည်။


စုပေါင်းသွေးလှူဒါန်းရာတွင် နေပြည်တော်တွင် ၄၃ ဦး၊ ရန်ကုန်မြို့တွင် ၁၅၃ ဦးနှင့် မန္တလေးမြို့တွင် ၂၇ ဦး သွေးလှူရှင် စုစုပေါင်း ၂၂၃ ဦးတို့က ပါဝင်လှူဒါန်းခဲ့ပြီး အဆိုပါ သွေးလှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ပေးအပ်သည်။


ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဒုတိယဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းစုပေါင်း သွေးလှူဒါန်းခြင်း အစီအစဉ်များကို ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်မှာ (၁၀) ကြိမ်မြောက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)