တောင်ပြိုလက်ဝဲမြို့၌ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက်စုံညီပွဲတော် နှင့် ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ပြိုလက်ဝဲမြို့၌ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက်စုံညီပွဲတော် နှင့် ဆုပေးပွဲကျင်းပ







MNP   -  ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ နယ်စပ်ဒေသ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ ဦးစီး ပဓာန နာယက၊ သဒ္ဓမ္မ ဇောတိက ဓဇ ၊ ရခိုင့်တံခွန် ဆုတံဆိပ်တော်ရ နံသာတောင်ဆရာတော် အရှင်သူမြတ်မှ အဖွင့်ဩဝါဒ စကားမိန့်ကြားပြီး ခရိုင်ပညာရေးမှူး ဆရာကြီး ဦးချစ်သိန်း နှင့် မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများက ရခိုင့်ရိုးရာယိမ်း အကအလှများ ၊ တေးသီချင်း များဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြသည်။ 


ဆက်လက်၍  ပညာရည်ချွန်ဆု နှင့် အား ကစား ထူးချွန်ဆု ရရှိသော ကျောင်းသား/သူများအား နံသာတောင်ဆရာတော်ကြီး နှင့် တာဝန် ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။အဆိုပါ နံသာတောင်ပညာဒါန ပရဟိတကျောင်းတွင် ကျောင်း သား/သူ ပေါင်း (၅၀၀) ဦး ပညာသင်ကြား လျှက် ရှိကြောင်းသိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)