MNP - ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း ကွန်တိန်နာယာဉ်ရပ်နားဝန်း အတွင်းတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်မှ (၁၁)နာရီအချိန်အထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၃၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွန့်ဦးမှ ကွန်တိန်နာ ယာဉ်ကြီးကြပ်သူ ဂိတ်မှူးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်(၅၀)ဦးတို့အား ကွန်တိန်နာယာဉ်များ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်စျေးလမ်းနှင့် စန္ဒကူးလမ်းတို့တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်းမပြုလုပ်ရန်၊ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်ခြင်းတို့ မပြုလုပ်ရန်၊ ဥပဒေနှင့် မလွတ်ကင်းသည့် ကိစ္စရပ်များမပြုလုပ်ရန် စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထို့နောက် ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဆွေနှင့် အဖွဲ့ဝင်များ၊ စည်ပင်/လမ်းတံတားမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်မိုးနှင့် အဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရသည်။
မေနှင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment