နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ




MNP    -    ဖေဖော်ဝါရီ  ၅

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံသာတောင်ပညာဒါန ပရဟိ တ ကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကို ယနေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါ ကျောင်း တွင် ကျင်းပ ပြု လုပ်ရာ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း ၊ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်း နှင့် တာဝန်ရှိသူများ တက် ရောက်ကြ သည်။ 


ရှေးဦးစွာ  နံသာတောင်ပညာဒါန ပရဟိတ ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ပဉ္စဂုဏံ အဟံ ဝန္တာမိ၊ အာစရိယဂုဏံ အဟံဝန္တာမိ (၃)ကြိမ်ရွက် ဖတ်ပူဇော်ခဲ့ကြပြီး  မြတ်ဆရာကန့်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ထို့နောက် နယ်စပ်ဒေသ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ ဦးစီးပဓာန နာယက၊ သဒ္ဓမ္မဇောတိကဓဇ ၊ ရခိုင့်တံခွန် ဆုရ နံသာတောင်ဆရာတော် အရှင်သူမြတ်မှ ဩဝါဒစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာကြီး ဦးချစ်သိန်း၊ မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးအောင်မြင့်သိန်း ၊ တောင်ပြိုလက်ဝဲ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီး တို့က ဆုံးမဩဝါဒ စကားများပြောကြားခဲ့ကြသည်။ 


ဆက်လက်၍ နံသာတောင် ပညာဒါနပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ကျောင်းသား၊ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုခဲ့ကြသည်။ ယင်းနောက် နံသာတောင်ပညာဒါန ပရဟိတကျောင်း ဆရာတော် အရှင်သူမြတ် နှင့် ဆရာကြီး/ဆရာမကြီး များ၊ ဆရာ/မ များအား လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ပြီး အခမ်းအနားကို ပဉ္စဂုဏံ အဟံဝန္တာမိ ၊အာစရိယဂုဏံ အဟံဝန္တာမိ သုံးကြိမ် ရွက်ဖတ် ပူဇော်၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။ အဆိုပါ နံ သာတောင်ပညာဒါန ပရဟိတ ကျောင်းတွင် ကျောင်း သား/သူ  ပေါင်း(၅၀၀)ဦးခန့်ပညာသင်ကြားလျှက်ရှိကြောင်း သိရ သည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)