ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)အနီးစခန်းရှိ ရွှေထိပ်တန်းခန်းမတွင် ရပ်ရွာအေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)အနီးစခန်းရှိ ရွှေထိပ်တန်းခန်းမတွင် ရပ်ရွာအေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ




MNP   -  ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)ရှိ ရွှေထိပ်တန်းခန်းမတွင်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးဟန်နှင့် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းတို့က စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ရပ်ရွာအတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအမံများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူ့အကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ထိန်းချုပ်ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများအားရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ယခုကဲ့သို့တွေ့ဆုံပွဲကျင်းပ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လာရောက်ဆောင်ရွက်ပေးမှု အခြေအနေများနှင့် လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့်အချိုးကျကိုယ်စားပြု(Proportional Representation System-PR) စနစ်အကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်လျှပ်စစ်၊ ဆည်‌မြောင်း၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊  မြို့နယ်စည်ပင် အစရှိသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစသည့်ကိစ္စရပ်များနှင့် ပတ်သက်၍တင်ပြခဲ့ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။


ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်ကြီး (၁၇) ဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster ဆေးများထိုးနှံပေးခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် စည်ပင်သာယာရေးကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေး နွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကြီး (၁၇)မှ ဒေသခံပြည်သူများစုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြူလူသစ် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)