ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ





MNP    -    ဖေဖော်ဝါရီ ၈

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နေ့လည်(၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


       ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အဖွင့်အမှာစကားများ ပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းက ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် ဆင်ခြေထောက်ရောဂါလက္ခဏာများအကြောင်း၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးဆေးသုံးမျိုး ပေါင်းကုထုံး(IDA Therapy)အမြစ်ပြတ်အောင် သန်ကောင်များ သုတ်သင်ရှင်းလင်းရာတွင် အလွန်ထိရောက်ကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီလ(၁၃)ရက်မှ(၁၉)ရက်အတွင်း တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တိုက်ကျွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက် လာကြသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာသက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။


    ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)