နယူးဇီလန်အစိုးရက ဆိုင်ကလုန်းမုန်တိုင်း၏ဘေးအန္တရာယ်ကို ရင်ဆိုင်ရန် အရေးပေါ်အခြေအနေကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယူးဇီလန်အစိုးရက ဆိုင်ကလုန်းမုန်တိုင်း၏ဘေးအန္တရာယ်ကို ရင်ဆိုင်ရန် အရေးပေါ်အခြေအနေကြေညာ





အော့ကလန်၊ ဖေဖော်ဝါရီ ၁၄ 

ဆိုက်ကလုန်းမုန်တိုင်း Gabriell ကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် နယူးဇီလန်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။တစ်ချိန်တည်းတွင်ပင် နယူးဇီလန်အစိုးရက “ဒါဟာ မကြုံစဖူးအန္တရာယ်များတဲ့ ရာသီဥတုဘေးအန္တရာယ် ဖြစ်တယ်”ဟု သတိပေးပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ယာယီတဲစခန်းများထားရှိကာ ဒေသခံပြည်သူများအတွက် သဲအိတ်များ ပံ့ပိုးပေးနေသလို နေရာအများအပြားတွင် ကယ်ဆယ်ရေးစခန်းစီစဉ်ထားပြီးဖြစ်ကြောင်းနှင့် မလိုအပ်ပါက အပြင်သို့မထွက်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။


Gabriellမုန်တိုင်းက နယူးဇီလန်၏အခြေခံအဆောက်အအုံများကို ထိခိုက်ပျက်စီးစေခဲ့သလို နိုင်ငံ့စီးပွားရေးကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် Chris Hipkinsက ဖေဖော်ဝါရီ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


အဆိုပါ Gabriell မုန်တိုင်းသည် ဖေဖော်ဝါရီ ၁၃ ရက်က နယူးဇီလန် မြောက်ဘက်စွန်းကျွန်းမှ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့၏ မြောက်ဘက်ကျွန်းဒေသအများပြားကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယင်းဒေသများတွင် လျှပ်စစ်ဓါတ်အားနှင့်လမ်းပန်းအဆက်အသွယ်များ ပြတ်တောက်ခဲ့ရာ အော့ကလန်မြို့အပါအဝင် ဒေသ ၆ ခုသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဒေသအရေးပေါ်အခြေအနေဖြစ်ခဲ့ပြီး လေယာဉ်ရေယာဉ် သယ်ယူပို့ဆောင်မှု၊ မီးရထားနှင့်ဘတ်စ်ကားသယ်ယူပို့ဆောင်မှုများကို ရပ်ဆိုင်းခဲ့သလို ကျောင်းများပိတ်ထားခဲ့ရကြောင်း သိရသည်။

အရှေ့တောင်ဘက်သို့ ဆိုင်ကလုန်းမုန်တိုင်း ရွှေ့လျားခြင်းနှင့်အတူ မြို့တော် ဝယ်လင်တန်နှင့်တောင်ဘက်ကျွန်းတို့ကို သက်ရောက်မှု ရှိလာနိုင်ကြောင်း နယူးဇီလန် မိုးဇလဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ခန့်မှန်းထားသည်။ 


Ref - ဆင်ဟွာ

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)