ဇွဲကပင်ဆရာတော်ကြီး နှင့် ဦးဝီရသူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇွဲကပင်ဆရာတော်ကြီး နှင့် ဦးဝီရသူ

 




(အမြင်မရှင်းတာ အမှန်မသိလို့၊ အမှန်မသိတာက မလေ့လာကြလို့)


သီရိပျံချီဆရာတော်ကြီးနှစ်ပါး ပူဇော်ပွဲပြီးကတည်းက ရေးဖို့စိတ်ကူးရခဲ့ပေမယ့် မရေးဖြစ်ခဲ့ပါဘူး။ သီရိပျံချီဘွဲ့ရတဲ့ ဆရာတော်ကြီးနှစ်ပါးဆိုတာကလည်း ကရင်ပြည်နယ်ရဲ့ အထင်ကရ ဇွဲကပင်ဆရာတော်ကြီး ဘဒ္ဒန္တကဝိဓဇ နဲ့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) တို့ပဲ ဖြစ်ကြပါတယ်။


ကမ္ဘာကျော်ဆရာတော်အကြောင်းကို စာရေးသူမပြောမီ ဇွဲကပင်ဆရာတော်ကြီးက ဘယ်လိုသတ်မှတ်ထားတယ်ဆိုတာလေးကို အကျည်းမျှပြောလိုပါတယ်။ ၂၀၁၇ ခုနှစ်က NLD အစိုးရလက်ထက်မှာ မဘသ အဖွဲ့ကြီးကို ဖျက်သိမ်းဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့အချိန် မဘသအထူးသတင်းစာရှင်းလင်းပွဲမှာ ဇွဲကပင်ဆရာတော်ကြီး မိန့်ကြားခဲ့တာက "တပည့်တော်က ဆုံးဖြတ်ထားပြီးသားပဲ။ ရန်ကုန်ရောက်ရင် ပြောသင့်ရင် ပြောမယ်။ ဖမ်းချင်ရင် အချိန်မရွေး လာဖမ်း။ ဖမ်းချင်ရင် အချိန်မရွေးဖမ်း အရှင်တော့မရဘူး။ အသေဘဲရမယ်ဆိုတာ မှတ်ထား။ ဘာသာ သာသနာနဲ့ ပတ်သက်ရင် အသက်အသေခံမယ်။ ဒါကြောင့်မို့ အရှင်ဘုရားတို့ စာသင်တိုက်တွေ ရှိတယ်။ ရိပ်သာတွေ ရှိတယ်။ တပည့်တော် စာသင်တိုက်လည်း ရှိတယ်။ တပည့်တော်ကျောင်းမှာ ရိပ်သာလည်း ဖွင့်ထားတယ်။ စာသင်တိုက်တွေ၊ ရိပ်သာတွေ စာသင်ရုံ၊ တရားအားထုတ်ရုံနဲ့ မလုံလောက်တော့ဘူး အခုဟာက။ ဘာဖြစ်လို့လဲ။ ခုနကပဲ အရှင်ဘုရားတို့ ပြောတယ်။ ချောင်းနေတာ ဘယ်နေရာ ကုတ်ရမလဲ။ ဒါကြောင့်မို့လို့ ဧည့်စာရင်းမတိုင်ရ ဆိုတဲ့ဥပဒေ ကို သူတို့လုပ်ပစ်တာ။ သူတို့ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်၊ ဝင်ထွက်ပြီးတော့လည်း အေးအေးဆေးဆေး မထွက်ဘူး။ ဘုန်းကြီး ဘုန်းကြီးချင်း ရန်တိုက်၊ လူ လူချင်း ရန်တိုက်။ ဘုန်းကြီးတွေ ရန်ဖြစ်ရင် သူတို့အကြိုက်။ လူမျိုးလိမ်တွေကို မလေးရှားက လှမ်းထောက်ခံတယ်။ ဟိုးအဝေးကြီးကလည်း လှမ်းထောက်ခံတယ်။ ဒါတွေကို လူတိုင်း လူတိုင်းက မသိတော့ သိအောင် ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ သိပြီလား။ (သိပါတယ်ဘုရား)။ သိရင် ဒီအတိုင်းနေမလား။ ဘာဆက်လုပ်မလဲ ပြော။ အဲဒါကြောင့်မလို့ တမျိုးတော့ ကောင်းတယ်လေ။ နာမည်ကြီးသွားတယ်။ မဘသကြီး နာမည်ကြီးသွားတယ်။ မကြီးဘူးလား။ (ကြီးပါတယ်ဘုရား)။ မဘသကြီးကို မဟန က ဖျက်ဆီးလိုက်တယ်။ နာမည်မကြီးဘူးလား။ နာမည်ဟာ ကြီးချင်တိုင်း မကြီးဘူးနော်။ နာမည်က လူတိုင်း လူတိုင်း ကြီးချင်လို့ မရဘူး။ အနာထပိဏ်သူဌေးကြီး နာမည်မကြီးဘူးလား။ (ကြီးပါတယ်ဘုရား)။ အနာထပိဏ်သူဌေးရဲ့ အမျိုးသမီးနာမည် သိရဲ့လား။ (မသိပါဘူးဘုရား)။ နာမည်ဆိုတာ ကြီးချင်တိုင်း မကြီးဘူး။ သူ့အချိန် သူ့အခါနဲ့ ကြီးတယ်။ ဒါကြောင့်မို့လို့ တို့မဘသ အဖွဲ့ကြီးက အချိန်ကျပြီ။ နာမည်ကြီးဖို့ အချိန်ကျပြီ။ မဖြစ်သင့်တာတွေကို ဖြစ်အောင် လုပ်တော့ အခုလို ပြောရတယ်။ ဆိုရတယ်။ မဖြစ်သင့်တာကို မဖြစ်အောင် နေကြထိုင်ကြရင် ဘယ်လောက်ကောင်းလဲ။ ညီလို အစ်ကိုလို နေကြပါမယ်လို့ ပြောတာ မကောင်းဘူးလား။ (ကောင်းပါတယ်ဘုရား)။ တပည့်တော်တို့လည်း သူတို့ကို ဆရာသမားတွေလို သဘောထားပြီးတော့ နေတာပဲ။ တပည့်တော်တို့အပေါ် အနိုင်ကျင့်တယ်ဆိုရင် ခံနိုင်ပါ့မလား။ (မခံနိုင်ပါဘူးဘုရား)။ အေး တချို့က ခံနိုင်တယ်နဲ့ ထင်တယ်။ အေး အဲဒါကြောင့်မို့လို့ မဖြစ်သင့်တာ ဖြစ်သွားပြီ။ ဖြစ်သွားတာကို ပြန်ပြင်လို့ မရဘူးလား။ အေးလေ သူလည်းပြင် ကိုယ်လည်းပြင်ဆိုရင် မကောင်းဘူးလား။ နှစ်ဦး နှစ်ဖက် လက်တွဲပြီးတော့ သာသနာပြုရင် မကောင်းဘူးလား။ အခု ရေရှည်ရန်ဖြစ်နေရင်ရော ကောင်းပါ့မလား။ (မကောင်းပါဘူး ဘုရား)။ လက်တွဲရင် သဘောမကျဘူးလား။ (ကျပါတယ်ဘုရား)။ အေး ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ တပည့်တော်တို့ နာမည်ကြီးချိန်တန်လို့ ကြီးရတာ။ ဟုတ်လား။ ကိုယ်ကြီးချင်လို့လည်း မကြီးဘူး။ အခု ကြီးပြီ။ မဟန အဖွဲ့ကလည်း ပြောပြီးပြီ။ ထားလိုက်။ နောက် အေးအေးဆေးဆေး ပြန်နေကြရင် မကောင်းဘူးလား။ (ကောင်းပါတယ်ဘုရား)။ အဲဒီလို ဖြစ်စေချင်တယ် တပည့်တော်တို့က။ အာဃာတကြီးတွေ ထားပြီးတော့ အပေါ်ကနေပြီးတော့ အပေါ်စီးအနေနဲ့ တပည့်တော်တို့ကို လုပ်လို့ မရဘူး။ မဘသ ဆိုင်းဘုတ်ဖြုတ်ရမယ်။ သတ္တိရှိရင် လာဖြုတ်။ ဟုတ်တယ်လေ။ သတ္တိရှိရင် လာဖြုတ်။ ဘယ်သူ ဖြုတ်ရဲလဲ။ တလောက တပည့်တော် တရားပွဲကျင်းပမယ်။ မဘသ ဗဟို ဆရာတော်တွေချည်းပဲ ပင့်တယ်။ တစ်ယောက်တစ်မျိုးစီဟောရင် တစ်ယောက်တစ်မျိုး ဗဟုသုတရတယ်။ လူကြီးတစ်ယောက်က ပြောတယ်။ စိတ်ညစ်တယ်တဲ့။ ဘာစိတ်ညစ်လဲ။ မြိုင်ကြီးငူဆရာတော်ကလည်း ဇွဲကပင်တောင် အရှေ့ဘက်ခြမ်းမှာ လမ်းဖောက်တယ်။ လမ်းဖောက်တာ မကောင်းဘူးလား။ (ကောင်းပါတယ်ဘုရား)။ အေးလေ လမ်းတစ်ချောင်းရဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ။ တောပြုန်းတယ်တဲ့။ အဲဒီလို တောပြုန်းရင် တောင်သူသမားတွေ သွားဖမ်း။ လမ်းဖောက်တာကို စိတ်ညစ်တယ်တဲ့။ ဇွဲကပင်တောင်ဆရာတော်ကလည်း မဲဘောင်ကျောင်းမှာ တရားပွဲလုပ်တယ်။ စိတ်ညစ်တယ်တဲ့။ တရားပွဲက မကောင်းဘူးလား။ (ကောင်းပါတယ်ဘုရား)။ မတရားပွဲမှ မဟုတ်ဘဲ။ တရားပွဲပဲဟာ။ အေး ဒီလို ဆိုရင်တော့ ဘာကြောင့်လဲ။ ဝီရသူ ထည့်ထားလို့။ တပည့်တော်ဆီမှာ လာဟော။ ပလာစတာမကပ်နဲ့လာ။ နောက်ဆုံးကြတော့ ဝီရသူ မကြိုက်လို့ဆိုတော့ တပည့်တော်ဆီ လာကြတယ်။ ဘာကိစ္စလဲ။ ဆရာတော်ကို ပြောတာ မဟုတ်ဘူး။ မင်းတို့ ငါ့တရားပွဲကို ပြောချင်လို့။ ငါ့တရားပွဲမှာ ဝီရသူ ပါတယ်ဆိုတော့ မင်းတို့ မကြိုက်ရင် ဝီရသူ ကို ငါဖြုတ်လိုက် ဖုန်းပြန်ဆက်လိုက်မယ်။ မလာဘူး။ ဘာမှ မပြောတော့ဘူး။ တို့မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း၊ တကယ့် သူရဲကောင်း သာသနာ့အာဇာနည်။ ဝီရသူ သာသနာ့အာဇာနည်။ တို့ သတ်မှတ်တယ်။ မဟုတ်ဘူးလား။ ဝီရသူက ထောင်ကျ ပြီးပြီ။ တပည့်တော် မကျဖူးသေးဘူး။ ကျလို့ ရတယ်။ ဒါပေမယ့် တပည့်တော်ကို ထောင်ချဖို့ ဖမ်းမယ့်ကောင်တွေ ခေါ်ခဲ့။ အသေပဲ ရမယ် မှတ်ထား။ ဒါကြောင့်မို့ မပြောသင့် မပြောထိုက်တာ ပြောနေရတဲ့ အဖြစ်မျိုး။ နောက်ဒီလို မဖြစ်အောင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ အစိုးရရော၊ မဟန တွေရော ဒါတွေဟာ လုံးဝ မဖြစ်သင့်တာတွေ။ မခံနိုင်အောင် လုပ်တော့ ပြောမိရော၊ ပြောမိတော့ ပြောတဲ့ပုဂ္ဂိုလ် အပြစ်ဆိုရော။ တပည့်တော် ပြန်သွားရင် အချိန်မရွေးလာဖမ်း၊ လာဖမ်းလေ။ အလောင်းပဲ ယူသွား။ အဲဒါကြောင့်မို့လို့ ပြောသင့် ပြောထိုကတာကို အခု ပြောတယ်။ ပြင်သင့်ပြင်ထိုက်တာတော့ အားလုံးပြင်ကြပါတော့။" လို့ ဆရာတော်ကြီးက မိန့်ကြားသွားခဲ့ပါတယ်။


ဒီသြဝါဒကို ဆရာတော်ကြီး မိန့်ကြားတဲ့အချိန်ဟာ NLD အစိုးရလက်ထက် ကျွန်တော်တို့ ထောင်ချခံထားရတဲ့ အချိန်ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ သြဝါဒကို အားလုံးပြန်လည်ပူဇော်နိုင်အောင် ရေးသားပြဆိုခြင်း ဖြစ်ပါတယ်။ ဝီရသူ ကို သာသနာ့အာဇာနည်လို့ သတ်မှတ်ကြောင်း ဆရာတော်ကြီးက မိန့်ကြားလိုက်တဲ့ အချိန်မှာ သံဃာတော်တွေရဲ့ လက်ခုပ်သံက သောသောညံသွားခဲ့ပါတယ်။


ဦးဝီရသူနဲ့ ပတ်သက်လို့ စာရေးသူ ပြောချင်တဲ့အကြောင်းကို အကျဉ်းမျှ ပြောရရင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လက်ထက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ ဆရာတော်ဦးဝီရသူလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ ရခိုင်မှာ ခိုးဝင်ဘင်္ဂလီတွေ အကြမ်းဖက်လို့ တိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက်တဲ့အချိန်မှာ ဆရာတော်ဦးဝီရသူ သွားရောက်လှူဒါန်းမယ်ဆိုတော့ ပါဝင်လှူဒါန်းခဲ့ကြတာ မနည်းပါဘူး။  ဆရာတော်အနေနဲ့ ရရှိသမျှ အလှူငွေတွေကို အကြမ်းဖက်ဘေးအန္တရာယ်ခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသား ပြည်သူတွေကို လှူဒါန်းထောက်ပံ့ခဲ့တာပဲ ဖြစ်ပါတယ်။ 


ဆရာတော်အနေနဲ့ အဲဒီလို ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံရေးရပ်တည်ချက်ကတော့ NLD ဘက်မှာပဲ ရှိနေတယ်လို့ ယူဆရပါတယ်။ တကယ်တန်း ဆရာတော် အမျိုးသားရေးအတွက် ပြန်လည်ရပ်တည်ဖို့ လျှောက်ထားတောင်းပန်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ က ဆရာတော်ဦးပညာဓဇ၊ ဆရာတော်ဦးသုစိတ္တ၊ ဆရာတော်ဦးဉာဏဓမ္မ၊ ဆရာတော်ဦးပညာဝံသ တို့ အဓိကပါပဲ။ 


နိုင်ငံရေးအစွန်းရောက်တွေရဲ့ ပုံဖော်မှုကြောင့် ဆရာတော်ကို Times မဂ္ဂဇင်း မျက်နှာဖုံးတင်ပြီး သရုပ်ဖျက်ဖော်ပြမှုကို ခံခဲ့ရတယ်။ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ လုပ်ကြံဖန်တီးရေးသားစော်ကားမှုတွေမှာ မိန်းမောနေတဲ့ နီပိန်းတွေမှာ အသိမှား အမြင်မှားတွေ ဖြစ်ပြီး ဆရာတော်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပစ်မှားစော်ကား ပြောဆိုမှုတွေ လုပ်ခဲ့ကြတယ်။ ယနေ့တိုင်အောင်လည်း လုပ်နေကြတုန်းပဲ ဖြစ်ပါတယ်။


ကျွန်တော်ကိုယ်တိုင် ဆရာတော်ရခိုင်ပြည်နယ်ကို သွားရောက်လှူဒါန်းပြီးချိန်မှာ တစ်ယောက်တည်းသွားပြီး ဆရာတော်ခိုင်းချင်တာ ရှိရင် ခိုင်းနိုင်ပါတယ်လို့ သွားရောက်လျှောက်ထားခဲ့ဖူးတယ်။ ဆရာတော်ဟာ နိုင်ငံရေးအစွန်းရောက်တွေနဲ့ ပြည်ဖျက်မီဒီယာတွေက ပုံဖော်နေသလို မဟုတ်ဘူး။ စကားပြောရင်တောင် ငြင်သာလွန်းလို့ ဆရာတော့်အသံကို ကြားရဖို့ အနည်း အာရုံစိုက်နားထောက်ရပါတယ်။


ရခိုင်ပြည်အရေးကြောင့်ပဲ အမျိုးသားရေးအသင်းအဖွဲ့တွေ ပေါ်လာခဲ့တယ်။ ကျွ်တော်တို့ မြန်မာ့အမျိုးသားရေးကွန်ရက် စတင်ဖွဲ့စည်းခဲ့စဉ်ကလည်း ဆရာတော်ကို သြဝါဒစရိယဆရာတော်အဖြစ် အလေးအမြတ်ပြုခဲ့တယ်။ အဲဒီအချိန်က ကိုသီရိ မြန်မာ့အမျိုးသားရေးကွန်ရက် ကို ဦးဆောင်နေပါတယ်။ အဖွဲ့လိုက် မန္တလေးကို ရောက်ဖြစ်လို့ သြဝါဒ ခံယူစဉ်မှာ ဆရာတော်မိန့်ကြားတာက မင်းတို့တတွေဟာ အများရှေ့ထွက်ပြီး ရှေ့ဆောင်လမ်းပြ အနေနဲ့ လုပ်ကြမယ့်သူတွေ ဖြစ်တယ်။ ဘာပဲလုပ်လုပ် စံပြဖြစ်ဖို့ လိုတယ်။ နေထိုင်၊ ပြောဆို၊ လုပ်ကိုင်ရာမှာ ကဲ့ရဲ့စရာ မဖြစ်အောင် စံပြဖြစ်အောင် ဆောင်ရွက်ကြဖို့ မိန့်ကြားခဲ့ပါတယ်။


မြန်မာ့နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီရဲ့ လူမျိုးလိမ်အရေး ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်လို့ ဆန့်ကျင် ကန့်ကွက်ဖို့ စီစဉ်ခဲ့တာက ကိုဝင်းကိုကိုလတ်၊ ကျွန်တော် နဲ့ ကိုနေဝင်းအောင် တို့ ဖြစ်ပါတယ်။ ကိုဝင်းကိုကိုလတ် မြန်မာ့အမျိုးသားရေးကွန်ရက် ကို ဦးဆောင်နေချိန်ဖြစ်ပါတယ်။ ရန်ဟီးလီ ကန့်ကွက်ပွဲကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ သုံးယောက်ပဲ တာဝန်ခံပြီး လျှောက်ထားခဲ့ပါတယ်။ အဲဒါကို ဆရာတော် ဦးပညာဓဇ က ကျန်တဲ့အဖွဲ့တွေနဲ့ မတိုင်ပင်ရကောင်းလားလို့တောင် ကျွန်တော်တို့ကို တမျိုးထင်ခဲ့ပါသေးတယ်။ မတိုင်ပင်တာ မဟုတ်ပါဘူး။ ဟောပြောမယ့် အထဲမှာ ဆရာတော်ဦးဝီရသူ၊ ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးပညာဝံသ၊ ဆရာတော်အရှင်နာယက၊ ကိုဝင်းကိုကိုလတ်၊ ရခိုင်တိုင်းရင်းသားတစ်ဦး၊ ကျွန်တော် ထုတ်ပြန်ချက် ဖတ်ကြားခဲ့ပါတယ်။ 


အဲဒီ ပွဲမှာ ဆရာတော်ရဲ့ ရပ်တည်ဆောင်ရွက်ချက် လွဲမှားမှုတွေကို ထောက်ပြပြီး မှန်ကန်မှုမရှိတဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖာသည်မ မနဲ့ တူတယ်ဆိုတာကို ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ ဒါကိုပဲ ပြည်ဖျက်မီဒီယာတွေက ဟိုက်လိုက်လုပ်ပြီး ဖော်ပြသွားခဲ့ကြပါတယ်။ ဆရာတော်ကို ဝေဖန်ပြစ်တင် ပြောဆိုတဲ့အထဲမှာ အင်္ဂလန်ဆရာတော်တို့လည်း ပါဝင်ပါတယ်။ အဲဒီ ဆရာတော်ဟာ သန္တိသုခကျောင်းတိုက်ကြီးကိစ္စမှာ ဖမ်းဆီးခံရမယ့် ပုဂ္ဂိုလ်တွေပါ။ ဆရာတော်ဦးဝီရသူ၊ ဆရာတော်ဦးပါမောက္ခတို့ရဲ့ ရပ်တည်ဆောင်ရွက်မှုကြောင့် ပြန်လည်လွတ်မြောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သို့သော် ကျေးဇူးတရား၊ ညီတော်နောင်တော် ဆိုတဲ့ ထောက်ထားမှုမရှိဘဲ မီဒီယာတွေက ဟိုက်လိုက်လုပ်တာလေးတစ်ခုကိုပဲ အတည်ပြုပြီး ဆရာတော်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကိုလည်း ဆရာတော်အနေနဲ့ စိုးစဉ်းမျှ မတုန့်ပြန်ပါဘူး။

များမကြာမီ ရန်ဟီးလီလည်း ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ရန်ဟီးလီ ရာထူးကနေ ဘာကြောင့် ဖယ်ရှားခံရသလဲဆိုရင် မြန်မာ့အရေးကိစ္စများ ကိုင်တွယ်ဆောင်ရွက်ရာမှာ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ UNHCR က ပြောဆိုခဲ့ပြီးတဲ့ နောက်ပိုင်း ဖယ်ရှားခံလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ ရာထူးက ဖယ်ရှားခံရပြီးနောက်ပိုင်းမှာ ဆရာတော်ထပ်မံရေးသား ပြောဆိုခဲ့တာက ပုတ်လို့ပေါ်သော ပုတ်ပေါ်မကြီးလား ဆိုတဲ့ ခေါင်းစဉ်နဲ့ "ခင်ဗျားကြီးဘက်လိုက်တာ ကမ္ဘာကြီးသိကုန်ကြပြီ။ ခင်ဗျားကြီးကတော့ နှုတ်ထွက်သွားလည်း ဘာမှမပူရတော့ဘူးလေ တစ်ခွန်းပြောရင် တစ်ခါရတဲ့ဥစ္စာကြီးကို။ တိုင်းရင်းသားတွေအသတ်ခံရတဲ့သတင်းကို ခင်ဗျားကြီးထိန်ချန်ထားခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြောင်းကိုတော့ အစီရင်ခံစာတင်ပြီး ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ကိုတော့ ယောင်လို့တောင်မဟဘူး။ ဒီသုံးချက်နဲ့ခင်ဗျားကြီးကို တိုင်ကြားကြတာပါ။ ခင်ဗျားကြီး ဘယ်လိုဖြေရှင်းမလဲ။ တကယ်တော့ ခင်ဗျားကြီးက ကျုပ်နိုင်ငံအတွက်တော့ ဖာသယ်မပဲဗျလို့ပြောခဲ့တာ အတော်စောသွားတယ်။ ခင်ဗျားစိတ်ပါရင် ခင်ဗျားဖင်ကို ကုလားပေးလိုက်ပါ။ ရခိုင်ပြည်ကိုတော့ ရောင်းမစားပါနဲ့ဗျာလို့ ကျုပ်ပြောခဲ့တာတွေ လွန်သလားဗျာ။ ဘာပဲပြောပြော နှမတော်ကြီးကိုတော့ သတိရနေဦးမှာပါ။" လို့ ဆရာတော် က ပြောကြားခဲ့ပါတယ်။


NLD အစိုးရလက်ထက်မှာ အဲဒီလို တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် စိတ်ရင်းစေတနာနဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားခဲ့ပါတယ်။ ပြည်ပသြဇာခံအစိုးရ ဆိုတာကို မကြေညာဘဲ ဝန်ခံခဲ့တာပါပဲ။ ပုဂ္ဂိုလ်စွဲသန်တဲ့ နီပိန်းလေးတွေအတွက်လည်း အမျိုးသားရေးကို အလေးထားတဲ့ ပုဂ္ဂိုလ်တွေအပေါ် အလွန်အမင်းစော်ကားခွင့် ရခဲ့တဲ့ ကာလပေါ့။ အနုပညာအသိုင်းအဝိုင်းက ရုပ်ရှင်သရုပ်ဆောင်၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာ အစရှိတဲ့ နီပိန်းကြီးတွေက လုပ်ကြံဖန်တီး စော်ကားမှုတွေ ဝေဝေဆာဆာ လုပ်လာတော့ နီပိန်းလေးတွေကလည်း သံယောင်လိုက်ပြီး စော်ကားကြတာပေါ့။


တကယ်တော့ ဆရာတော်ဦးဝီရသူ ဟာ ကိုယ့်တိုင်းရင်းသား ပြည်သူတွေအပေါ် အနီ အစိမ်း ခွဲခြားတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ခွဲခြားတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ပြည်သူတွေအပေါ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ ခွဲခြားပြီး မြင်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ ဘယ်သူမဆို၊ ဘယ်ဘာသာဝင်မဆို လိုအပ်လို့ အကူအညီ လာတောင်းသူမှန်သမျှ ဥပဒေနဲ့အညီ ဖြစ်အောင် ရပ်တည်ဆောင်ရွက်ပေးခဲ့တဲ့ မှတ်တမ်းတွေလည်း အများကြီး ရှိပါတယ်။ ဆရာတော်ကိုယ်တိုင် ရန်ကုန်မြို့ကို ကြွရောက်သည့်အခါ သီတင်းသုံးတဲ့ အိမ်မှာ ခရစ်ယန်တွေ ရှိပါတယ်။ အဲဒီ အိမ်က အမိုးဆိုရင် ဆရာတော်ကို ကြည်ညိုလွန်းလို့ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ရပါတယ်။


နီပိန်းတွေဟာ ဆရာတော်နဲ့ ပတ်သက်လို့ ဆရာတော်ရဲ့ ရပ်တည်ချက်၊ ဆောင်ရွက်ချက်၊ နေထိုင်၊ ပြုမူ၊ ပြောဆိုပုံ မှ အစ မသိကြဘူး။ ပြည်ဖျက်မီဒီယာတွေ ဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima ခွေးသူတောင်းစားမီဒီယာတွေ ဖြစ်တဲ့ Khit Thit, Myanmar Now အစရှိတဲ့ အိုအိုင်စီ အထောက်အပံ့ယူပြီး မြန်မာတိုင်းရင်းသားပြည်သူတွေကို သွေးခွဲသပ်လျှိုပြီး လူမျိုးလိမ်အရေးကို လုပ်ဆောင်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေက ရေးသားဖော်ပြသမျှကို အဟုတ်ထင်ပြီး သံယောင်လိုက် စော်ကားကြတာပါပဲ။ အဲဒီ နိုင်ငံရေးလုပ်စားသူတွေ၊ ပြည်ဖျက်မီဒီယာတွေ အနေနဲ့ သူတို့ လိုလားချက်အတိုင်း ဆရာတော်ဦးဝီရသူ ကသာ ရပ်တည်ပြောဆိုပေးနေမယ်ဆိုရင် ဆရာတော်ကို စော်ကားပါ့မလား။ သူတို့ ရဲ့ လူမျိုးလိမ် လောဘီ လုပ်ငန်းစဉ်ကြီးမှာ ပူးပေါင်းပါဝင်လာအောင် ဘယ်လိုမှ စည်းရုံးသိမ်းသွင်းလို့ မရတဲ့အတွက် လုပ်ကြံဖန်တီး စော်ကားပြောဆိုမှု အမျိုးမျိုးနဲ့ စော်ကားနေကြခြင်းဖြစ်တယ်ဆိုတာကို နီပိန်းလေးတွေ တွေးတတ်စေချင်ပါတယ်။


သူတော်ကောင်းတွေကို ပစ်မှားစော်ကားခဲ့တဲ့ နိုင်ငံရေးအစွန်းရောက်တွေ ပြည်ဖျက်မီဒီယာတွေအပေါ်မှာ  သူတော်ကောင်းများက အပြစ်မယူပါဘူး။ သို့ပေသော် တူသောအကျိုးပေးတယ်၊ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ လောကနိယာမတွေအရ နိုင်ငံရေးအစွန်းရောက်တွေရော၊ ပြည်ဖျက်မိစ္ဆာမီဒီယာတွေပါ မြန်မာ့မြေပေါ်ကနေ ခွေးပြေးဝက်ပြေး ပြေးကုန်ကြရတယ်။ ဒါကိုလည်း အမှတ်မရကြသေးပါဘူး။ အိုအိုင်စီနဲ့ အနောက်အုပ်စုရဲ့ အထောက်အပံ့က ရနေဆဲဖြစ်လေတော့ လေလှိုင်းပေါ်က စော်ကားမှုတွေကတော့ ပလူပျံလို့သာ ရှိနေဆဲပါ။


သီရိပျံချီဘွဲ့ရဆရာတော်ကြီးနှစ်ပါး ပူဇော်ပွဲမှာလည်း ဇွဲကပင်ဆရာတော်ကြီးက ဦးဝီရသူက ရန်ဟီးလီကို ပြောခဲ့တာနဲ့ ပတ်သက်လို့ ထည့်သွင်း မိန့်ကြားသွားပါသေးတယ်။ မီဒီယာတွေက ဆရာတော်ကြီးဆီကနေ ဦးဝီရသူကို ပြစ်တင်ပြောဆိုသံများ ထွက်လာမလားလို့ မေးခွန်းထုတ်ကြတယ်။ "ဦးဇင်းတို့ မဘသ ညီလာခံမှာ ဦးဇင်းပြောတယ်။ ဦးဝီရသူ က လူတွေကို ဆဲတယ်တဲ့။ ဆဲတာလည်း တခါမှ မကြားဖူးဘူး။ ပြောတာပဲ ကြားဖူးတယ်။ အဲဒါ ဘုန်းကြီး ဘယ်လို သဘောရလဲတဲ့။ မသိဘူးလေ။ ငါက TV လည်းမကြည့်၊ သတင်းစာလည်း မကြည့်တော ငါဘာမှ မသိဘူး။ ဝီရသူ က နိုင်ငံခြားက ကုလားမကို ဘာပြောလဲ ပြောကြည့်စမ်း။ ဝီရသူ က ဥပမာနဲ့ ဥပမေယနဲ့ ပြောတတ်တယ်။ ငါက ဇွဲကပင်တောင် တောထဲမှာဆိုတော့ စကားပြောမတတ်ဘူး။ ဒါပေမယ့် ပြောရင်တော့လည်း ပွင့်ပွင့်လင်းလင်း ပြောတာပေါ့နော်။ ဝီရသူက ဥပမာနဲ့ နှိုင်းပြီးတော့ ပြောလိုက်တယ်တဲ့။ ဘာပြောလိုက်လဲ။ သူ့တိုင်းပြည်မှာ သူမပြောဘဲ တို့တိုင်းပြည်မှာ လာပြောတယ်ဆိုတော့ ဒီမိန်းမကြီးက ဘာနဲ့တူလဲ။ -ာသည်မနဲ့ တူတယ်။ အော် ဒီလိုလား။ ဒီလို ဆိုရင် ကိုင်း သူ့စကား ဆက်ပြော။ ဘယ်လို သဘောရလဲဆိုတော့ ငါက ဆက်ပြောပစေပေါ့နော်။ သူ့တိုင်းပြည်မှာ သူပြောပါလား။ တို့တိုင်းပြည်မှာ လာပြောရင် တို့ဘယ်ခံနိုင်မလဲ။ စကားကတော့ ပြောမတတ်ဘူး။ ပြောရင်လည်း ဒဲ့တိုးပြောတတ်တယ်။" လို့ ဆရာတော်ကြီးက မိန့်ကြားသွားပါသေးတယ်။


ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ စနက်ကြောင့် အသိမှား အမြင်မှား ဖြစ်နေကြတဲ့ နီပိန်းလေးတွေ အသိမှား အမြင်မှားဖြစ်ပြီး မစော်ကားသင့် မစော်ကားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို စော်ကားနေတာတွေကို ဆင်ခြင်သတိပြု ရှောင်ရှားနိုင်ကြစေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ အကုသိုလ် အကျိုးဆက်တွေ မကြုံတွေ့ရအောင်လို့ အသိပေးခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မိစ္ဆာမီဒီယာတွေက ငွေကြေးအထောက်အပံ့ရလို့ သူတို့အကျိုးအတွက် လုပ်ကြံဖန်တီးရေးသားစော်ကားနေကြခြင်းဖြစ်တယ်။ နီပိန်းလေးတွေ အနေနဲ့က ဒီလို ရေးသားဖော်ပြမှုတွေ အဟုတ်ထင်ပြီး သံယောင်လိုက် စော်ကားမိတဲ့အခါ နိုင်ငံရေးအစွန်းရောက် ပြည်ဖျက်မိစ္ဆာများလို ငွေကြေးအထောက်အပံ့မရဘူး။ အကုသိုလ် အကျိုးဆက်တွေ ရမယ်။


ဆရာတော်ကို နိုင်ငံရေးလုပ်စားသူနဲ့ ပြည်ဖျက်မီဒီယာတွေက နည်းမျိုးစုံစွာ လုပ်ကြံဖန်တီး ရေးသားစော်ကားမှုတွေ ပြုလုပ်ခဲ့တဲ့ အပေါ်မှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ က ဆရာတော်ဦးသုစိတ္တ သရုပ်ဖော်ထားတာက လမင်းကို ခွေးဟောင်နေတဲ့ ပုံပါပဲ။ ဆရာတော်ဦးသုစိတ္တ သရုပ်ဖော်ခဲ့တဲ့ ပုံက ကြာလေ အသက်ဝင်လေပါပဲ။ ပြည်ပသြဇာခံ ပြည်ပလက်ဝေခံ ခွေးသူတောင်းစားများကတော့ အခုထိတိုင်အောင် ဟောင်နေကြဆဲပါပဲ။ နီပိန်းလေးတွေကိုတော့ဖြင့် အထင်လွဲ အမြင်မှားဖြစ်နေတာတွေကို တည့်မတ်စေချင်လို့ပါ။ စာရေးသူရဲ့ ဆောင်ပုဒ်ကတော့ "အမြင်မရရှင်းတာ အမှန်မသိလို့၊ အမှန်သမိတာက မလေ့လာကြလို့" ပဲ ဖြစ်ပါတယ်။ အမြင်ရှင်းအောင် အမှန်သိအောင် လေ့လာကြပါလို့ တိုက်တွန်းလိုက်ရပါကြောင်း . . . . .။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)