မိုင်းယောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေး




MNP   -   ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သန်း ၁ဝဝ အောက်ချေးငွေကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ထုတ်ချေးပေးခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က နိုင်ငံတော်၏အဓိကစားနပ်ရိက္ခာ သီးနှံဖြစ်သည့်ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းလမ်းများစွာဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများ၏အထွက်နှုန်းတိုးတက်ခြင်း၊ ဈေးနှုန်းနှင့်ဈေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းတို့ဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန် စီမံကိန်းကျေးရွာ၊ အသင်းအဖွဲ့များကိုစိစစ်ရွေးချယ်၍ စနစ်တကျထုတ်ချေးပေးလျှက်ရှိကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး မိုင်းယောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးလုပ်ငန်းတစ်ခု၊ မွေးမြူရေးလုပ်ငန်းနှစ်ခုတို့အတွက် ရင်းနှီးမြှုပ်နှံရန်ချေးငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသင်းအဖွဲ့အသီးသီးသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)