MNP - ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ရန်အောင်ပြင်-ဝက်ကျိန်း(မြို)ကျေးရွာချင်းဆက်လမ်းအရှည် ၀ ဒဿမ ၄၁ ကီလိုမီတာအား ၅၀ -၁၀၀ မီလီမီတာ ခွဲကျောက်ဖြင့် ၄ ဒဿမ ၂၇ မီတာ ၊ အကျယ် ၁၅၀ မီလီမိတာ ထုခင်း၍ ၃ ဒဿမ ၆၆ မီတာ ၊အကျယ် ၁၇၅ မီလီမိတာ ထု ကွန်ကရစ်ခင်းခြင်း ၊ ၂၂၅ မီလီမီတာ ထု အမာခံလမ်းပခုံးခင်း လုပ်ငန်းကို ဖိုးကံကောင်း ကုမ္ပဏီ မှ လည်း ကောင်း ၊ တောင်ပြို- ကြိမ်ချောင်းသွား ကားလမ်းမှ ဝက်ကျိန်းဘုရားသွားလမ်း အရှည် ၀ ဒဿမ ၆၆၅ ကီလိုမိတာ အား ၅၀-၁၀၀ မီလီမိတာ ခွဲကျောက်ဖြင့် ၄ ဒဿမ ၂၇ မီတာ ၊ အကျယ် ၁၅၀ မီလီမိတာ ထုခင်း၍ ၃ ဒဿမ ၆၆ မီတာ ၊အကျယ် ၁၇၅ မီလီမိတာ ထု ကွန်ကရစ်ခင်းခြင်း ၊ ၂၂၅ မီလီမီတာ ထု အမာခံလမ်းပခုံးခင်း လုပ်ငန်းကို ဇွဲကောင်းထက် ကုမ္ပဏီ မှ လည်း ကောင်း ၊ ပြည်နယ်ရန်ပုံငွေဖြင့် တရိန်း(ရခိုင်)- တရိန်း(မြို)ကျေးရွာချင်းဆက်လမ်းအရှည် ၀ ဒဿမ ၇၂၇ ကီလိုမီတာ အား ၅၀ -၁၀၀ မီလီမီတာ ခွဲကျောက်ဖြင့် ၄ ဒဿမ ၂၇ မီတာ ၊ အကျယ် ၁၅၀ မီလီမိတာ ထုနုအခြေခံလွှာခင်းကြိတ်၍ ၃ ဒဿမ ၆၆ မီတာ ၊အကျယ် ၁၇၅ မီလီမိတာ ထု ကွန်ကရစ်ခင်း လုပ်ငန်းကို Akran Light ကုမ္ပဏီ တို့မှ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား မောင်တောခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ၊ လက်ထောက်ညွန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းရန်နိုင်သူ ၊ မောင်တောမြို့နယ်တာဝန်ခံ အငယ်တန်း အင်ဂျင်နေယာ -၂ (မြို့ပြ) ဦးမင်းဆွေဦး နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံ များက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး သတ်မှတ်ကာလ ဘဏ္ဍရေး နှစ်အတွင်း စံချိန် ၊ စံညွန်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment