တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ





MNP   -    ဖေဖေါ်ဝါရီ ၂၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ များအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး ခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းမှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။


တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာန(၅)ခုဖွင့်လှစ်သွားမည်ဖြစ်ပြီး စာစစ်ဌာနများအဖြစ် မြို့ပေါ် တွင် အမှတ်(၁)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများ၌လည်းကောင်း ၊ တန်းလွဲမြို့တွင် အ-ထ-က (ရွာမ)၌လည်းကောင်း ၊ လမူးမော်ရွာတွင် အ-ထ-က ၌လည်းကောင်း ၊ မအီမြို့တွင် အ-ထ-က(မအီ)၌လည်း ကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။


တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်း တွင်းမှဖြေဆိုမည့်သူ(၂၉)ဦး ၊ ပြင်ပမှဖြေဆိုမည့်သူ(၁၀၀၉ )ဦး စုစုပေါင်း(၁၀၃၈)ဦးရှိကြောင်းနှင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခြင်းကို သက်ဆိုင်ရာစာစစ်ဌာနများမှ ဘာသာတွဲအလိုက် ဖေဖေါ်ဝါရီ (၂၁) ရက် နေ့မှ မတ်လ(၈)ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)