လိပ်သိုဒေသထွက် ကင်ပွန်းသီးများစတင်ဆွတ်ခူး၍ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်များထုတ်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုဒေသထွက် ကင်ပွန်းသီးများစတင်ဆွတ်ခူး၍ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်များထုတ်လုပ်


MNP   -  ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ သဘာ၀ပတ်ဝန်းကျင်နေရာ များတွင် သဘာဝအတိုင်းပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများသည် ယခုအချိန်တွင် ကင်ပွန်းသီးများရင့်မှည့်ပြီဖြစ်၍ ဒေသခံအချို့က ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။


ကင်ပွန်းသီးများသည် သစ်မာပင်များဖြစ်၍ တစ်နှစ်လျှင်တစ်ကြိမ်တည်းသာအသီးသီးကာ သဘာဝအတိုင်းပေါက်ရောက်ကြပြီး ယခုအခါ ဒေသဖွံဖြိုးရေးအသိပညာပေးမှုများကြောင့် ဒေသခံအချို့မှာ မိမိတို့၏အိမ်ခြံဝန်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြုစုထားရှိပြီး ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်ထုတ်လုပ်ရောင်းခြင်းတို့ကို စတင်လုပ်ဆောင်လာကြပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ကင်ပွန်းသီးဝယ်ယူသူများမှာ လိပ်သိုမြို့တွင် အစိုတစ်ပိဿာကို (၄၀ဝိ/−) ကျပ်နှင့် အခြောက်တစ်ပိဿာကို (၁၀၀ဝိ/−) ကျပ်ဖြင့် စတင်ဝယ်ယူလျက်ရှိပြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့သို့ ပို့ဆောင်ရောင်းချခြင်း၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာထုတ်လုပ်သူများထံ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)