ဥတ္တရသီရိမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ


MNP  -  ဖေဖော်ဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေရေး၊ ဉာဏ်ပညာမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အခြခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာနေပြည်တော်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါ်သင်းသင်းဇင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးချစ်က အမှာစကားပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ်းချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် Grade-11 ကျောင်းသား/ကျောင်းသူများက လူငယ်နှင့် IT နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်ပညာရေးကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ စုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်းသိရသည်။


ကျော်စွာဟိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)