MNP - ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ် ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက ဦးဉတ္တမပန်းခြံမှ အစိုးရအဖွဲ့ရိပ်သာထိ ပင်လယ်ကမ်းခြေတလှေျာက် စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါပူးပေါင်း အဖွဲ့တို့သည် အဖွဲ့များခွဲကာ မိမိတို့သတ်မှတ် နေရာများရှိ အမှိုက်များနှင့် ပင်လယ်ကမ်းခြေတလျှောက်ရှိ ဒီရေတက်ချိန်တွင်ပါလာပြီး ကမ်းခြေတွင် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များအား အမှိုက်အိတ်များထဲသို့ စနစ်တကျထည့်ကာ သတ်မှတ်နေရာ များသို့ ပို့ဆောင်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment