လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ သောကြာစကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ သောကြာစကားဝိုင်းကျင်းပ


MNP  -    ဖေဖော်ဝါရီ ၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် ပြည်ပတွင် ကျင်းပပြုလုပ်ခဲ့သည့် ကာလတို၊ ကာလရှည်သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များ၊ အစည်းအဝေးပွဲများသို့ တက်ရောက်စေလွှတ်ခဲ့ရာ အဆိုပါဝန်ထမ်းများက ၎င်းတို့တွေ့ကြုံခဲ့ရသော အသိပညာ၊ ဗဟုသုတနှင့် နိုင်ငံခြားပညာသင်များက လေ့လာသင်ယူခဲ့ရသော ဘာသာရပ်များကို မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ပြန်လည်မျှဝေသည့် ဆွေးနွေးပွဲ (Knowledge Sharing Programme - KSP) ကို ယနေ့မွန်းလွဲပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဝန်ထမ်းများစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာမျှဝေသည့် အစီအစဉ်(Knowledge Sharing Programme)ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားလည်ပတ်နိုင်ရန် ဆောင်ရွက်နေသော အင်အားစုများဖြစ်သဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်တက်လာခြင်းသည် နိုင်ငံတော် ၏လုပ်ငန်းများ စွမ်းဆောင်ရည်ပြည့်ဝစေရေးအတွက်များစွာ အထောက်အကူဖြစ်ပါကြောင်း၊ တစ်ဦး တစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားမှုသည် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအရည် အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများနှင့် လုပ်ငန်းကျွမ်းကျင်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း ပြောကြား သည်။


ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန အာဆီယံစီးပွားရေး အသိုက်အဝန်းဌာနခွဲမှ ညွှန်ကြားရေးမှူးက အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံများ၏ စီးပွားရေးပေါင်းစည်းမှုဖြင့် ဆောင်ရွက်နေသည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ပေါ်ပေါက်လာမှု၊ ဒေသတွင်း အေအီးစီအကောင်အထည်ဖော်မှုများနှင့် မြန်မာနိုင်ငံ၏ အေအီးစီအကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့် အေအီးစီ ၂၀၂၅ အလွန် အာဆီယံက လိုက်ပါဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။


အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိများ၊ အရာထမ်း/အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက်ကြပြီး အသိပညာမျှဝေဆွေးနွေးပွဲ (Friday Talk) ကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)