(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့်ဆုပေးပွဲအခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့်ဆုပေးပွဲအခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၆

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်း၊ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲ၊ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။


အဆိုပါ ပြိုင်ပွဲများကျင်းပရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေး စာဖတ်ခန်းတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဘက်စုံသုံးခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် Youth Centre ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများအား ကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့‌ပေါ်ရှိ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၅၀) ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး‌ကျော်ထက်က ပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များအား ရှင်းလင်း ပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိသည့် ကျောင်းသား/သူများအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြ‌ရသည်။


အဆိုပါ အခမ်းအနားကို မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောက်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့ကြောင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်းအင်းအား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)