MNP - ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ဌာနဆိုင်ရာများ ရုံးလုံခြုံရေးကိစ္စများကို အထူးဂရုပြု ဆောင်ရွက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ မဲရုံဆိုင်ရာ ကိစ္စများ ဆောင်ရွက်နိုင်ရေး ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ ကျူးကျော်နေထိုင်သူများရှိပါက သက်ဆိုင်ရာဌာနများက စိစစ်၍ တင်ပြကြရန်၊ လောင်းကစားဝိုင်းများ လျော့နည်းပပျောက်စေရေးဆိုင်ရာ ကိစ္စများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် စသည့်အချက်များကို အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပေါင်းစပ် ညှိနှိုင်းပေးရမည့် ကိစ္စရပ်များအား တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment