MNP - ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် ပျက်စီးနေသည့် လမ်းပိုင်းများအား ကုန်စည်စီးဆင်မှုမြန်ဆန်ရေး ပြန်လည်ပြုပြင်ပေးရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုအထူးပြင်ထိန်းသိမ်းခြင်း ရန်ပုံငွေ(၁၉.၈၀)ကျပ်သန်း ဖြင့် လမ်း၏ (၇၆.၉၅၀)ကီလိုမီတာမှ (၆၈.၂၀၀)ကီလိုမီတာအတွင်းရှိ အရှည်(၀.၂၅ ကီလိုမီတာ) အကျယ် (၃.၆၆)မီတာ ကတ္တရာလမ်း(၃၀)ရာခိုင်နှုန်း လမ်းအပေါက်အား (၇၅)မီလီမီတာအောက်အရွယ်ရှိကျောက်များဖြင့်(၂၂၅)မီလီမီတာထု ဖြည့်ခင်းကြိတ်ပြီး (၂၅-၅၀) မီလီမီတာ ကျောက်များဖြင့် (၇၅)မီလီမီတာထု အပွန်းခံလွှာ ထပ်မံခင်းကြိတ်၍ ကတ္တရာရေပိတ်အလွှာလောင်းခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment