ဒလမြို့နယ်တွင် မြို့နယ်အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်တွင် မြို့နယ်အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -  ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ်အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက အိမ်ခြံမြေအကျိုးဆောင်များ လိုက်နာရမည့် သတ်မှတ်ချက်များ၊ အိမ်ခြံမြေအကျိုးဆောင်နှင့် ဝန်ဆောင်မှုရယူသူများအား အကာအကွယ်ပေးခြင်းနှင့် အခွင့်အရေးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်မောင်မောင်က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြား၍ မြို့နယ်အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့၊ အဖွဲ့ဝင် ဦးသန်းထွန်းက ဒလမြို့နယ်အတွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသည့် မြေပြင်အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဉီးကောင်းမြတ်မောင်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အိမ်ခြံမြေ အကျိူးဆောင်များ စုစုပေါင်း(၁၈၀)ဉီး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)