ရသေ့တောင်မြို့တွင် စာရေးဆရာ ဦးဘဖေရေးသားသည့် ပြည်သူ့နီတိစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် စာရေးဆရာ ဦးဘဖေရေးသားသည့် ပြည်သူ့နီတိစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP   -    ဖေဖော်ဝါရီ     ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယနေ့ နေ့လည်ပိုင်းက စာရေးဆရာ ဦးဘဖေ ရေးသားသည့်ပြည်သူ့နီတိစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့​ပါသည်။ 


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊စာပေမှရသောအသိအမြင်ဗဟုသုတများကိုအသုံးချ၍ လက်တွေ့နယ်ပယ်တွင် တတ်ဖိုးရှိသောလူမှုဘဝများဖြစ်လာစေရန်၊စာပေကိုမြတ်နိုးတန်ဖိုးထားသူများပိုမိုတိုပွားများလာစေရန်နှင့်အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအားမျှဝေတတ်ရန်၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ 


ဆက်လက်၍ စာပေချစ်မြတ်နိုးသူYouthClub အဖွဲ့ဝင် မ‌ဆောင်းနှင်းဝေ မှ စေတနာ့ဝန်ထမ်းလုပ်ငန်းများအကြောင်းအားဆွေးနွေးပြောကြားပြီးYouthClub အဖွဲ့ဝင်  မောင်ဘုန်းမြတ်ကိုကိုမှ တိုးတက်နေသောကမ္ဘာနှက့်မြန်မာစာပိုဒ် နှင့် YouthClub အဖွဲ့ဝင် မပြည့်ဖြိုးခိုင်မှလူ့အခွင့်အရေးစာပိုဒ်တို့အား အချင်းချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူး မှ ထပ်ဆင့်ရှင်းလင်း ဆွေးနွေး‌ခဲ့ကြောင်းသိရသည်။ စာဖတ်ဝိုင်းသို့ Youth Club အဖွဲ့ဝင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။


ထွန်းလင်းကျော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)