ကျိုင်းတုံမြို့နယ် စာရေးဆရာများ၊ သတင်းစာဆရာများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ် စာရေးဆရာများ၊ သတင်းစာဆရာများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်



MNP  -   ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စာရေးဆရာများနှင့် သတင်းစာဆရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ် (ကျိုင်းတုံ)ဦးစီးမှူး ဦးအေးမောင်နှင့် ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာထွေးတို့က မြို့နယ်အတွင်း စာရေးဆရာအသင်းနှင့် ပူးပေါင်း၍ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ၊ မဂ္ဂဇင်းထုတ်ဝေခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းများ ရေးသားဖော်ပြရာတွင် မြို့နယ်အတွင်း မှန်ကန်သည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင်ရေး၊ ပြည်သူများ သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ရေးသားဖော်ပြရေး မြို့နယ်သတင်းစာဆရာများအသင်းနှင့် ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။     


ထို့နောက် စာရေးဆရာများ၊ သတင်းစာဆရာများက စာပေဆိုင်ရာများ၊ သတင်းအချက်အလက်ဆိုင်ရာများနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အောင်ဇင်မြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)