MNP - ဖေဖော်ဝါရီ ၄
နေပြည်တော်ကောင်စီမိသားစု မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ(၄)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဝင်းအတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို၏ဇနီးများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဌာနခွဲ အသင်းလေးသင်းက ပျော်ရွှင်စွာ ထမနဲထိုးယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဧည့်ခံဖျော်ဖြေပေးသည့် အိုးစည်၊ ဒိုးပတ်ဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပျဉ်းမနားမြို့နယ်မှ ထမနဲကြီးကြပ်ကူညီပံ့ပိုးပေးသူလေးဦးအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment