မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်သည့်စစ်ကြောင်း(၅)ကြောင်းမှကွင်းဆင်း၍ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်သည့်စစ်ကြောင်း(၅)ကြောင်းမှကွင်းဆင်း၍ဒေသခံပြည်သူများနှင့်တွေ့ဆုံ




MNP   -  ဖေဖော်ဝါရီ   ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်သည့်စစ်ကြောင်း(၅) ကြောင်းမှယနေ့မွန်းလွဲပိုင်းတွင် မင်းဆိပ်ပြင်ကျေးရွာအုပ်စု၊မင်းဆိပ်ပြင်ကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင်ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ နိုင်ငံရေး၊အုပ်ချုပ်ရေး၊ဒေသဖွံ့ဖြိုးရေး၊လူမှုရေး၊စည်းရုံးရေး ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။


   ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းမှဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာဦးပြုံးနိုင်မှ နိုင်ငံတော်မှတောင်သူလယ်သမားများအားစိုက်ပျိုးစရိတ်ငွေ ထုတ်ချေးထားမှုနှင့် ပတ်သက်၍လည်းကောင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှသိရှိလိုသည်များကို မေးမြန်း ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။


   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)