အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို သက်ဆိုင်ရာတရားရုံးများမှ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို သက်ဆိုင်ရာတရားရုံးများမှ ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ ဖေဖော်ဝါရီ ၂၄

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများအနက်မှ ဖမ်းဆီးရမိထားသူများကို သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် ၂၃-၂-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။


မုံရွာမြို့နယ်၊ မုဆိုးကုန်းကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက် အဖွဲအစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်အားပေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တရားခံ ကျော်ခိုင်ဝင်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် အကြမ်းဖက်အားပေး ဝါဒဖြန့်စာသားများ၊ မဟုတ်မမှန် သတင်းများအား ရေးသားဖြန့်ဝေလျက်ရှိသူ တရားခံ မင်းနိုင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊ မုံရွာမြို့နယ်၊ နောင်ပိုအောင်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေမည့် စာသားများ၊ မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေခဲ့သူ တရားခံ စိုင်းမင်းခန့်အောင်(ခ) အသဲလေးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


အလားတူ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား လိုက်လံသတ်ဖြတ်ခဲ့သူ တရားခံ ထက်မြတ်ခန့်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)အရ ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၄ အရ ထောင်ဒဏ်တစ်၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား လိုက်လံသတ်ဖြတ်ခဲ့သူ တရားခံ ကျော်စိုးအောင်(ခ)ဖိုးသားအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)အရ ထောင်ဒဏ် (၁၀)နှစ်/ အကြမ်းဖက်ဥပဒေပုဒ်မ ၅၄ အရ ထောင်ဒဏ်တစ်သက်၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား လိုက်လံသတ်ဖြတ်ခဲ့သူ တရားခံ မဝေဝေလွင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)အရ ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၄ အရ ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်ကြောင်း သိရသည်။


ခင်ဦးမြို၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ ရွှေဘိုမြိုနယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား လိုက်လံသတ်ဖြတ်ခဲ့သူ တရားခံ စိုးဝေဇော်(ခ)စိုးကြီးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)အရ ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၄ အရ ထောင်ဒဏ်တစ်သက်၊ ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား လိုက်လံသတ်ဖြတ်ခဲ့သူ တရားခံ ဖြိုးမင်းသူ(ခ)ငချဲအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)အရ ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၄ အရ ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်ကြောင်း သိရသည်။


အလားတူ ခင်ဦးမြို့၊ အောင်သီရိရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်အဖွဲအစည်းများထံ လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား သတင်းပေးခြင်း၊ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြည်သူများ ထိတ်လန့်စေရန် မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မောင်မောင်လွင်(ခ)ခင်မောင်လွင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)/၅၂(က)အရ ထောင်ဒဏ် (၂၀)နှစ်၊ ကလေးမြို့၊ ကြိုသုံးပင်ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးလှုံ့ဆော်မှုများအား ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ဂင်ရှင်းပြောင်(ခ)ပိုင်ပီးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


အလားတူ မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်ဖက်လုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သူ တရားခံ နန်းလှိုင်ထွေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်ဖက် လုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သူ တရားခံ ဝင်းထက်အောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ မြိုင်မြို့နယ်၊ တောရွာကျေးရွာတွင် နေထိုင်လျက်ရှိ၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေမည့် စာသားများ၊ မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေခဲ့သူ တရားခံ ကံမော်အေး အား  ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)