နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းပြုလုပ်


MNP   -   ဖေဖော်ဝါရီ ၈ 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁)ရှိ ရွှေဖီဦးခန်းမ၌ ယနေ့နံနက်(၉)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းမှ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားဆက်လက်ကျင်းပရာ Grade-11 မှ ကျောင်းသား မောင်ကျော်ဇင်သက်မှ “လူငယ်နှင့်ကြီးပွားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A) မှ ကျောင်းသား မောင်အောင်မင်းဟန်မှ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade_11 မှ ကျောင်းသူ မခင်ပပအောင်မှ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10(A) မှ ကျောင်းသူ မသဇင်မျိုးမှ “လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(B) မှ ကျောင်းသူ မမေသီရိခင်မှ “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် လည်ကောင်း၊ Grade-10(B)မှ ကျောင်းသူ မဆူးရွှေရည်ထက်မှ “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစာကြ” ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက် လာကြသော ကျောင်းသား/သူ လေးများနှင့် အပြန်အလှန်အကြံပြုဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီးဒေါ်လှိုင်လှိုင်ကျော်နှင့် ဆရာ/မ များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)