MNP - ဖေဖော်ဝါရီ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (သင်္ဘောကျင်း)တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ထူးချွန်က မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးလောင်ရန်လိုအပ်သည့်အကြောင်းအရင်းများ၊ မီးလောင်ခြင်းအမျိုးအစားများ၊ မီးအမျိုးအစားအလိုက် ငြိမ်းသတ်နည်းစနစ်များ၊ မီးလောင်မှုများဖြစ်ပေါ်ပါက ဆက်သွယ်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြင်တွင် အသက်အန္တရာယ်မဆုံးရှုံးစေရန် သတိထားလိုက်နာသင့်သည့်အကြောင်းအရာများအား ဆွေးနွေး ဟောပြောခဲ့ပါသည်။ ထို့နောက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (သင်္ဘောကျင်း)မှ ဝန်ထမ်းများအား မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လက်တွေ့မီးငြိမ်းသတ်မှုများကို သရုပ်ပြသရာ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းများနှင့် ဂတ်(စ်)မီးလောင်မှုအား ငြိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ
https://t.me/MyanmarNationalPost
No comments:
Post a Comment