မာန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)မူလတန်းအဆင့်ပုံပြောပြိုင်ပွဲနှင့်ကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)မူလတန်းအဆင့်ပုံပြောပြိုင်ပွဲနှင့်ကစားပြိုင်ပွဲများကျင်းပ




MNP   -   ဖေဖော်ဝါရီ  ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမ၌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)မူလတန်းအဆင့်ပုံပြောပြိုင်ပွဲ၊ကွမ်းသီးကောက်ပြိုင်ပွဲနှင့်အိတ်စွပ်ပြေးပြိုင်ပွဲတို့ကို ယနေ့ မွန်းလွဲ၁ နာရီကအဆိုပါလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။ 


   ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးရန်ငြိမ်းမှကျောင်းသား/သူများအားကာယ၊ဉာဏ၊စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ပြိုင်ပွဲတွင် လိုက်နာရမည့်စည်းကမ်းချက်များ ၊ အမှတ်ပေး စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။


    ထို့နောက် ပုံပြောပြိုင်ပွဲ၊ကွမ်းသီးကောက်ပြိုင်ပွဲနှင့်အိတ်စွပ်ပြေးပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ရန်အောင်မြင်ရပ်ကွက်၊အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား /ကျောင်းသူ ၂၀ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည် ။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)