ကြို့ပင်ကောက်မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တောင်သူများ တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တောင်သူများ တွေ့ဆုံ



MNP  -  ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်နေမျိုးဦးသည် တောင်သူများနှင့် တွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးမှ မိတ်ဆက်အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ကိုယ့်မြို့ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးအတွက် တောင်သူများနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း တောင်သူများအနေဖြင့် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ တက်ရောက်လာကြသော တောင်သူ ၉၈ ဦးမှ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသောရေရရှိရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ လယ်ယာကဏ္ဍလိုအပ်ချက်များ၊ စိုက်ပျိုးရေးသွင်းအားစု လိုအပ်ချက်များ၊ ချောင်းကူးတံတားများရရှိရေး၊ ကျေးရွာဆေးပေးခန်းရရှိရေး တင်ပြချက်များအား ပြန်လည်စီစစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး အသုံးစရိတ်ရရှိရေးတို့အတွက် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ဗိုလ်ချုပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် သောက်သုံးရေရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားသော ကျောင်းကုန်းကျေးရွာအရှေ့ထိပ် မြို့ရေပေးရေးရေစက်ရုံနှင့် စိုက်ပျိုး‌ရေရရှိရေး ပြုပြင်ဆောင်ရွက်ထားသော ဆည်မြောင်း ရေသွင်းမြောင်းမကြီးများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဇေယျာထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)