မုံရွာတက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လှယဥ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာတက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လှယဥ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ





MNP   -  ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  လှယဥ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါမုံရွာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မုံရွာတက္ကသိုလ် ပါမော က္ခချုပ် ဆရာကြီးဒေါက်တာ အောင်ကျော်သင်၊ ဒုတိယပါမောက္ခချုပ် ဆရာကြီး၊ဆရာမကြီးများနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဌာနမှူးများနှင့် နည်းပြ/သရုပ်ပြဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူ များတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ လှယဥ်ကျေးမယ်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင် လှယဥ်ကျေးမယ်များကို တက်ရောက်လာသည့်ဧည့်ပရိသတ် အား မိတ်ဆက်ပေးကြပြီး ပြိုင်ပွဲဝင်လှယဥ်ကျေး မယ်(၁၃)ဦး၏ လမ်းလျှောက်ကိုယ်ဟန်၊သတ်မှတ်ကိုယ်ဟန်နှင့် စိတ်ကြိုက်ကိုယ်ဟန်ပြသ ယှဥ် ပြိုင်မှုများနှင့် ဖျော်ဖြေရေးဖြင့် သီဆိုဧည့်ခံမှုတို့အား မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာအောင်ကျော်သင်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဒုတိယ ပါမေက္ခချုပ်ကြီး ဆရာမကြီးများ နှင့် ဌာနမှူးများ က မုံရွာတက္ကသိုလ်၏ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လှယဥ်ကျေးမယ်ပြိုင်ပွဲတွင် Beautiful Smile Award ဆုရ ခါးနံပါတ်(၃) မမိုးစန္ဒာထွန်း ၃ဓ-၁၇ ဓာတုဗေဒ၊ Beautiful Skin Awardဆုရ ခါးနံပါတ်(၁) မဖြိုးအိအိဇင် ၄ရခ-၁ ရုက္ခဗေဒ၊ Best Performance Awardဆုရ မချစ်ဒါလီသိန်း ၁နဆ-၈ နိုင်ငံတကာဆက်ဆံရေး၊ 2nd Runner Up ဆုရ ခါးနံပါတ်(၉) မအိမ့်ခြူးခင် ၂ရခ-၆ ရုက္ခဗေဒ၊   1nd Runner Up ဆုရ ခါးနံပါတ် (၁) မဖြိုးအိအိဇင် ၄ရခ-၁ ရုက္ခဗေဒနှင့် လှယဥ်ကျေးမယ် ဆုရ ခါးနံပါတ်(၄) မပိုးအိစံ ၄ဥ-၁၀ ဥပဒေပညာ တို့အား  ဂုဏ်ပြု ဆုများ အသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ အောင်ကျော်သင်နှင့် တာဝန်ရှိသူများ ဆုရရှိသူများများနှင့် ပြိုင်ပွဲဝင်များ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)