ဆိပ်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ဧက (၅၀၀) အတွက် ရေခေါ်မြောင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ဧက (၅၀၀) အတွက် ရေခေါ်မြောင်းဆောင်ရွက်ပေး




MNP   -   ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းစိုက်ပျိုးဧရိယာရှိ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာရရှိရေးအတွက် ဧရာဝတီမြစ်မှ ရေတင်စက်အထိ ရေခေါ်မြောင်းဆောင်ရွက်ခြင်းလုပ်ငန်းကို အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(မြစ်ရေတင်)က ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါရေခေါ်မြောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်စေရန်၊ တောင်သူများ ၏ မိသားစုဝင်ငွေတိုးပွားစွာ ဆောင်ရွက်နိုင်စေရန်နှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် အတွက်   ဧရာဝတီမြစ်မှ ရေတင်စက်(ပွန်တွန်း)အထိ မြောင်းအရှည် (၃၆၀၀) ပေ၊ မြောင်းအကျယ် (၂၀)ပေ နှင့်  ရေတင်စက်(ပွန်တွန်း) ရေဝပ်ကျင်းများကို ယာဉ်ယန္တရားကြီးများ၊ သဲသောင်တူး ရေယာဉ်များဖြင့် အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (မြစ်ရေတင်)ကတာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ဆောင်ရွက် နေကြောင်း၊ လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၆၀ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၂၃ ခုနှစ် မတ်လ ပထမပတ်အတွင်း စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေကြောင်း၊ မြစ်ရေတင် ရေခေါ်မြောင်းတူးဖော်ပြီး စီးသွားပါက ပင်မမြောင်းမကြီးမှတဆင့် ရေတင်စက် အမှတ်(၂)၊ အမှတ်(၃)မှ ရေပေးလက်တံမြောင်းများကို ဆက်လက်ပို့၍ စိုက်ပျိုး‌ေရလွှတ်ပေးသွားမှာဖြစ်ကြောင်း၊ နွေသီးနှံစိုက်ပျိုးရေ အကျိုးပြု (၅၀၀)ဧက အတွက်စိုက်ပျိုးရေပြည့်ဝစွာရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်သလို၊ မိုးသီးနှံများ ဖြစ်သည့် မိုးစပါးများ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ပဲမျိုးစုံ ၊ဆီထွက် သီးနှံ(နေကြာ) စိုက်ပျိုး ထုတ်လုပ်ခြင်းတို့ကိုလည်း စောလျှင်စွာ စိုက်ပျိုးရေဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ ဆိပ်ဖြူ မြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း စိုက်ပျိုးဧရိယာရှိ ကိုယ်တိုင်ထုတ်စိုက်ပျိုး တောင် သူများသည် နွေသီးနှံ  ပဲတီစိမ်းနှင့် အခြားသီးနှံများ၊ မိုးသီးနှံ မိုးစပါးနှင့် ပဲမျိုးစုံကိုလည်းကောင်း၊ ဆောင်းသီးနှံ ကုလားပဲနှင့်ပဲမျိုးစုံတို့ကို  နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စိုက်ပျိုးဆောင်ရွက်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ မိသားစုစားနပ်ရိက္ခာပြည့်စုံမှုများအပြင် မိသားစုဝင်ငွေတိုး လျက်ရှိကြောင်း အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများထံမှ သိရသည်။


ကိုဇွဲ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)