ကျိုက်မရောမြို့နယ်အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ်အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြော


MNP  -   ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ လူကုန်ကူးမှုအကြောင်းပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အ.လ.က သင်ဃန်းချောင်ကျောင်းရှေ့ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆွေ က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် ဆောင်ရန်ရှောင်ရန်များနှင့် လိုက်နာရမည့်အချက်များကို ပညာပေးဟော​ပြောခဲ့သည်။


ထို့နောက် ကျောင်းခန်းမအတွင်း ပြသထားသောလူကုန်ကူးမှု ပြသထားသော ပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည်ရူခဲ့ကြကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)