လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးသုတေသနဗဟိုဌာန၌ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးသုတေသနဗဟိုဌာန၌ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းကျင်းပ


MNP   -   ဖေဖော်ဝါရီ  ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(AFACI)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းကို ယမန်နေ့နံနက်က စိုက်ပျိုးရေးသုတေသန​​ဗဟိုဌာနတွင် ကျင်းပသည်။


အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွန့်က အမှာစကားပြောကြားပြီး စိုက်ပျိုးပင်များတွင် ကျရောက်တတ်သော ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီဝင်းက သီးနှံပင်များတွင် ဖြစ်ပွားတတ်သော ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းများကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပို့ချပြီး တက်ရောက်လာသူများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲသို့ လက်ပံတန်း စိုက်ပျိုးရေးသုတေသနဗဟိုဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ စုစုပေါင်း(၄၉)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)