စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုည ရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် တတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုည ရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် တတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်




MNP  -   ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် တတိယအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက်အာရုံခံ တန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုးပါးသီလခံ ယူဆောက်တည်ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများထံ အလှူရှင်များက ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။


ဆက်လက်ပြီး ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့ စည်ပင်သာယာရေး အဖွဲ့မှ အင်ဂျင်နီယာမှူး ဒေါ်ညိုညိုဆွေက ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်း အခြေအနေများအား ဖြည့်စွက်လျှောက်ထားသည်။


ဆက်လက်၍ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိဂုံးချုပ်သြဝါဒကထာ မြွတ်ကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ထို့နောက် ပင့်သဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။


ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် ပင့်သဃာဆရာတော်ကြီးများက ပုညရှင် သာသနာ့ ဗိမာန်တော်ကြီး ဘုရားခန်းတည်ဆောက်မည့် သက်မှတ်နေရာများတွင် ပန္နက်တော်တင်မင်္ဂလာ ပြုလုပ်ပေးကြပြီး အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင် တော်ပေါ်တွင်တည် ဆောက်လျက်ရှိသည့် အလျား - ၁၄၂ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေ ကွန်ကရစ်ရင်ပြင်ပေါ်တွင် အလျား ၁၀၈ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၉ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်းပေါင်း- ၁၉၀,၅၅၈,၁၀၀ (တစ်ထောင့်ကိုးရာ ငါးသိန်း ငါးသောင်း ရှစ်ထောင်တစ်ရာ) ကျပ်အားလှူဒါန်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)